စက်တင်ဘာလ၁၃ရက်နေ့က ရန်ကုန်မြိုဧရာဝတီဘဏ်ရုံးချုပ်မှ ဦးမင်းမင်းကြီးကြပ်ရေးမှူးဦးစီးလျက် ယာဉ်မောင်းဦးစောနီကိုလတ်တိုနှစ်ဦးမှာ ယာဉ်တစ်စီးဖြင့်လည်းကောင်း၊ ရုံးအကူဦးဝင်းလွင်မြင့်၊လုံခြုံရေးချစ်စမ်းမောင်၊ယာဉ်မောင်းမျိုးကျော်သူတိုသည် အခြားယာဉ်တစ်စီးဖြင့် ပဲခူးမြိုAYAဘဏ်ခွဲမှ ငွေကျပ် ၄ဘီလီယံကိုယာဉ်နှစ်စီးဖြင့်ခွဲကာမွန်းလွဲ ၁၂နာရီမိနစ်၄၀တွင်ရန်ကုန်မြိုသို ရန်ကုန်-မန္တလေးကားလမ်းဟောင်းမှပြန်လည်သယ်ဆောင်လာစဉ် မိုင်တိုင်၂၅/၅သိုရောက်ရှိလာစဉ်ယာဉ်ထိန်းရဲ့ဝတ်စုံဝတ်ဆင်ထားသူတစ်ဦး၊ ရဲတပ်ဖွဲဝင်ဝတ်စုံဝတ်ဆင်၍ လက်နက်ကိုင်ဆောင်ထားသူ၂ဦး၊အရပ်ဝတ် ဝတ်ဆင်ထားသူ၄ဦး စုစုပေါင်း ၇ဦးက ဘဏ်ယာဉ်နှစ်စီးကိုတားဆီးက ဘဏ်ယာဉ်ပေါ်ပါလာသူများကို ပါးစပ်၊မျက်စိ၊လက်တိုကို တိတ်အမဲဖြင့်ပိတ်ကာ ငွေများကို ဟိုက်ဂျက်ယာဉ်ပေါ်သို ရွေ့ပြောင်းတင်ဆောင်ကာမောင်းနှင်ထွက်ပြေးခဲ့တယ်လိုသိရပါတယ်။

အဆိုပါဖြစ်စဉ်အား  စုံစမ်းစစ်ဆေးသဲလွန်စရှာဖွေရာ ဖြစ်စဉ်ဖြစ်ပွားပြီး ၅နာရီအတွင်း ဘဏ်ယာဉ်ဓားပြတိုက်ရာမှာအသုံးပြုခဲ့တဲ့ ယူနီဖောင်းများပေးအပ်ခဲ့သူဆက်စပ်တရားခံမြင့်မြင်နိုင်ကိုပဲခူးမြို၊မဇင်းရပ်ကွက်၊ မဟာစေတီတိုက်တန်းတွင်ဖမ်းဆီးရမိခဲ့ပြီး၊၎င်းရဲ့ထွက်ဆိုချက်အရ ည၁၀နာရီတွင်မဟာစေတီတိုက်တန်းတွင် ဘဏ်ငွေလုယက်သူများဖြစ်တဲ့ရဲလင်းထွေး၊အောင်ပြည့်ခန့်နဲ့ ဘုန်းခန့်တိုကိုM 79ဗုံးပစ်လောင်ချာတစ်လက်၊ငွေကျပ်သိန်း၇၀၀ခန့်နဲ့ဖမ်းဆီးရမိခဲ့ပါတယ်။
အဆိုပါဖြစ်စဉ်မှ ဖမ်းဆီးရမိသူတွေရဲ့ထွက်ဆိုချက်အရ လက်နက်ခဲယမ်းနဲ့ငွေကြေးများကို ဥဿာမြိုသစ်၊ရပ်ကွက်ကြီး၈ရှိ ဓမ္မဒူတ သီလရှင်ကျောင်းကို ဆက်လက်ရှာဖွေရာ ဒေါ်ဥပ္ပသမာနဲ့ဒေါ်ဓမ္မစာရီ တိုနှစ်ဦးအားတွေ့ရှိခဲ့ပြီး ကျောင်းတိုက်တွင်အပ်နှံထားတဲ့ လက်နက်တွေနဲ့ ငွေစက္ကူတွေကိုတွေ့ရှိ သိမ်းဆည်းရမိခဲ့တယ်လိုသိရပါတယ်။ ဆက်လက်၍ထွက်ဆိုချက်တွေအရ မဇင်ရပ်ကွက်နေ ကုလားကြီးအားသွားရောက်ဖမ်းဆီးခဲ့ရာထွက်ပြေးတိမ်းရှောင်နေပြီးယင်းအိမ်တွင် ဖောက်ခွဲရေးအသုံးပြုမည့်ကီးပတ်ဖုန်း၊လက်လုပ်မိုင်းပြုလုပ်သောပစ္စည်းများ၊ ငွေစက္ကူတစ်သောင်းတန် ၁၇အုပ်တိုကို ဖမ်းဆီးရမိခဲ့တယ်လိုသိရပါတယ်။