#Local_News
Published -6 August 2022

 

စက်သုံးဆီစျေးနှုန်းများ သြဂုတ် ၆ ရက်(ယနေ့) တွင် ထပ်မံကျဆင်းလာခဲ့ကြောင်း စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှထုတ်ပြန်သည့် စျေးနှုန်းများအရ သိရသည်။

 

ရန်ကုန်တိုင်းအတွင်း 92 တစ်လီတာ ၁၆၁၅ ကျပ်ဖြစ်ပြီး အလားတူ မန္တလေး၊ နေပြည်တော်၊ ပဲခူး၊ မကွေး၊ ထားဝယ်၊ မုံရွာ၊ ပုသိမ်၊ ဘားအံ၊မော်လမြိုင်၊ လားရှိုး၊တောင်ကြီးတို့တွင်လည်း စက်သုံးဆီစျေးနှုန်းမှာ 92 တစ်လီတာ ၁၆၀၀ ကျပ်ကျော်သာရှိကြောင်း သိရသည်။

 

စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူခြင်းလုပ် ငန်းကြီးကြပ်ရေးကော်မတီ၏ ယနေ့ ထုတ်ပြန်ခဲ့သည့် စက်သုံးဆီရည်ညွှန်းစျေးနှုန်းများအရ ရန်ကုန်တိုင်းအတွင်း၌ လက်လီစျေးအဖြစ် 92 တစ်လီတာ ၁၆၁၅ ကျပ်၊ 95 တစ်လီတာ ၁၆၆၅ ကျပ်၊ HSD (500 ppm) တစ်လီတာ ၁၉၇၀ ကျပ် သတ်မှတ်ထားသည်။

 

အလားတူ HSD (50 ppm)နှင့် HSD (10 ppm)တို့မှာ တစ်လီတာလျှင် ၂၀၂၅ ကျပ်အဖြစ် စက်သုံးဆီရည်ညွှန်းလက်လီစျေးနှုန်းများအဖြစ် သတ်မှတ်ထားသည်။

 

စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ MOPS စျေးနှုန်းအပေါ်တွင် အခြေခံတွက်ချက်ထားခြင်းဖြစ်ပြီး စက်သုံးဆီဝယ်ယူသူများအနေဖြင့် ကျေနပ်မှုမရှိပါက ကော်မတီသို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်းလည်း သိရသည်။

 

ymg/sth
#Yangon_Media_Group