#Local_News
Published _ 6 July 2022

 

ရွှေဘိုပေါ်ဆန်းမွှေး(ထူးရှယ်)တစ်အိတ်ဈေးနှုန်း တစ်လအတွင်းမှာ ကျပ်နှစ်သောင်းဝန်းကျင်ဈေးမြင့်တက်နေကြောင်း ရန်ကုန်ဆန်ဈေးကွက်မှတဆင့် သိရသည်။

 

ပြီးခဲ့သည့် ဇူလိုင်လဆန်းက ရွှေဘိုပေါ်ဆန်း(ထူးရှယ်) တစ်အိတ်ဈေးနှုန်းမှာ ၆၉၅၀၀ ကျပ်သာရှိခဲ့ရာ ယနေ့သြဂုတ်လ ၆ရက်တွင် ရွှေဘိုပေါ်ဆန်း(ထူးရှယ်) ၂၄ ပြည်တစ်အိတ်လျှင် ၈၅၀၀၀ ကျပ်ကျော်အထိ ဈေးမြင့်တက်လာကြောင်း သိရသည်။

 

ဆန်ဈေးနှုန်းမြင့်တက်နေမှုကို ထိန်းချုပ်နိုင်ရန် ရန်ကုန်မြို့ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း)က ပြီးခဲ့သည့် သြဂုတ်လ ၃ ရက်မှစတင်ကာ ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ၇၅,၀၀၀ ကျပ်နှင့် ၇၇၀၀၀ ကျပ်ကြား၊ ဧရာဝတီပေါ်ဆန်း တစ်အိတ်လျှင် ၅၂၀၀၀ ကျပ်နှင့် ၅၅၀၀၀ ကျပ်ကြား၊ ကြားပျံတစ်အိတ်လျှင် ၅၅၀၀၀ ကျပ်နှင့် ၆၀၀၀၀ ကျပ်ကြား၊ ရက် ၉၀ အမျိုးအစားတစ်အိတ်လျှင် ၃၅၀၀၀ ကျပ်နှင့် ၃၇၀၀၀ ကျပ်ကြားဈေးဖြင့် ရောင်းချပေးခဲ့သည်။

 

ဧရာပေါ်ဆန်း၊ ကျားပျံနှင့် ရက် ၉၀ ဆန်များမှာ တစ်လအတွင်း တစ်သောင်းကျပ်ခန့် ဈေးတက်သွားခဲ့ပြီး ဆန်ချောဈေးနှုန်းမှာ လက်လီဈေးကွက်တွင် ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ၉၀၀၀၀ ကျပ်ကျော်၊ ဧရာဝတီပေါ်ဆန်းတစ်အိတ်လျှင် ၈၀၀၀၀ ကျပ်ကျော်၊ ရက် ၉၀ တစ်အိတ်လျှင် ၄၉၀၀၀ ကျပ်ကျော် ဈေးများရှိကြောင်း အဆိုပါ စျေးကွက်မှ သိရသည်။

 

ymg/NN
#Yangon_Media_Group