#Local_News
Published_ 4 November 2022

 

ချက်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ ဒေါက်တာဘုန်းလင်းကြိုင်နှင့် ဇနီးတို့သည် အောက်တိုဘာ ၂၈ ရက်နေ့တွင်ကျင်းပပြုလုပ်ခဲ့တဲ့ ချက်သမ္မတနိုင်ရဲ့ (၁၀၄) နှစ်မြောက် လွတ်လပ်ရေးနေ့ ဧည့်ခံပွဲအခမ်းအနား တက်ရောက်ခဲ့ကြောင်း သိရပါတယ်။

ထို့ပြင် ပရာ့ဂ်မြို့၊ ပရာ့ဂ်ရဲတိုက်၌ ကျင်းပပြုလုပ်တဲ့ ချက်သမ္မတနှင့် သံတမန်များ တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကာ ချက်သမ္မတ H.E. Mr. Milos Zeman နှင့် ဇနီးတို့အား ဂါရဝပြုတွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သိရပါတယ်။

ygm_mnn
#Yangon_Media_Group