#Local_News
Published_ 24 June 2024


▪️ မကာအိုရှိ အဆောက်အအုံတည်ဆောက်မှုဆိုင်ရာနည်းပညာများကိုမြန်မာနိုင်ငံမှသွားရောက် လေ့လာခဲ့သလို မကာအို-မြန်မာနှစ်နိုင်ငံရင်းနှီးမြုပ်နှံမှုဆိုင်ရာအခွင့်အလမ်းများကိုလည်းဆွေးနွေးခဲ့ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှသိရသည်။

 

▪️ မကာအိုတွင်ကျင်းပသည့် (၁၅) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အခြေခံအဆောက်အအုံ၊ ရင်းနှီးမြှုပ်နှံမှုနှင့် တည်ဆောက်ရေးဖိုရမ် (The 15th International Infrastructure Investment and Construction Forum – IIICF) သို့မြန်မာနိုင်ငံမှ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့ကြောင်းသိရသည်။

 

▪️ အဆိုပါဖိုရမ်ကို တရုတ်အပြည်ပြည်ဆိုင်ရာ ကန်ထရိုက်တာများအသင်းနှင့် မကာအိုကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးအဖွဲ့အစည်းတို့မှ Green Innovation and Digital Connectivity (စိမ်းလန်းသော တီထွင်ဆန်းသစ်မှုနှင့် ဒစ်ဂျစ်တယ်ကူးလူးဆက်သွယ်မှု) ဆောင်ပုဒ်ဖြင့် ကျင်းပနေခြင်းဖြစ်သည်။

 

▪️ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မကာအိုခရီးစဉ်၌ပတ်ဝန်းကျင်သဘာဝကိုမထိခိုက်စေဘဲ ကာဗွန်ဒိုင်အောက် ဆိုက်ကို လျှော့ချ၍ စိမ်းလန်းသော တိုးတက်ဖွံ့ဖြိုးမှုအစီအစဉ်ဖြင့် မကာအိုမြို့အတွင်း ဆောင်ရွက်နေသော စွန့်ပစ်ပစ္စည်းများမှ လျှပ်စစ်စွမ်းအင်ထုတ်လုပ်ရန် တည်ဆောက်နေသော အဆောက်အအုံကိုလည်းကောင်း၊

 

▪️ လူမှုပတ်ဝန်းကျင်ကို အနှောင့်အယှက်မဖြစ်စေဘဲ လူမှုစီးပွားတိုးတက်အောင် ဖော်ဆောင်မှုအစီအစဉ်ဖြင့် ဆောင်ရွက်နေသော မကာအိုမြို့တွင်း လမ်းချဲ့ခြင်းလုပ်ငန်းခွင်သို့ သွားရောက်၍ ဆူညံသံနှင့် ဖုန်မှုန့်များ မပျံ့လွင့်စေရန် ထိန်းချုပ်ဆောင်ရွက်သည့်အခြေအနေနှင့် ကျောက်တောင်များကို ပတ်ဝန်းကျင် အနှောင့် အယှက်မရှိအောင် ဖယ်ရှားရှင်းလင်းဆောင်ရွက်သည့်အခြေအနေများကိုလည်းကောင်း လေ့လာ၍ သိရှိ လိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

 

▪️ ပြည်ထောင်စုဝန်ကြီးသည် အဆိုပါခရီးစဉ်အတွင်း မြန်မာနိုင်ငံ၌ အခြေခံအဆောက်အအုံဆိုင်ရာ တည်ဆောက် ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ State Home Company များကို သီးခြားစီတွေ့ဆုံ၍ ဒေသအတွင်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုဖြင့် အခြေခံအဆောက်အအုံဆိုင်ရာ လုပ်ငန်းများတွင် Green Innovation and Digital Connectivity များ ဖော်ဆောင်နိုင်မည့်အခြေအနေများကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့သည်။

 

▪️ ဆွေးနွေးပွဲသို့ State Home Company များဘက်မှ အကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး မြန်မာနိုင်ငံအတွက် အခြေခံအဆောက်အအုံဆိုင်ရာ နည်းပညာနှင့် ဖွံ့ဖြိုးတိုးတက်မှု မြန်ဆန်ကောင်း မွန်လာစေရေးအတွက် တည်ဆောက်ရေးလုပ်ငန်းများ၏ Feasibility Study(FS) လေ့လာဆန်းစစ်ခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း၊

 

▪️ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်လာစေရေးကဏ္ဍများအတွက် ထိရောက်သော ပူးပေါင်း ဆောင်ရွက်မှုများ၊  နည်းပညာမျှဝေပေးခြင်းဖြင့် လူ့စွမ်းအားအရင်းအမြစ် (Human Resources) မြှင့်တင်ခြင်းဆိုင်ရာ ဆောင်ရွက်မှုများနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆောင်ရွက် မှုကိစ္စရပ်များ၊ အခြေခံအဆောက်အအုံဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်မည့်နည်းလမ်းနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

#tthl #Yangon_Times