#Local_News
Published 24 June 2024


▪️ တနင်္သာရီတိုင်းဒေသကြီးမြိတ်မြို့၊ မြိတ်တောင်ရပ်ကွက်တွင် ထမင်းပေါင်းအိုးတည်ထားရာမှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

▪️ ဇွန်လ ၂၄ရက် မနက်၆နာရီခန့်ကမြို့သစ်(၇)ရပ်၊ ဦးမြတ်လေးလမ်းရှိ နေအိမ်၌ မီးဖိုခန်းတွင် ထမင်းပေါင်းအိုးတည်ထားရာမှ အပူလွန်ကဲပြီး မီးလောင်မှုစတင်ဖြစ်ပွားကြောင်း သိရသည်။

 

▪️ မီးလောင်မှုကြောင့် အလျား(၁၅)ပေ၊ အနံ(၄၀)ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း(၂)ထပ် လူနေအိမ်၏ အပေါ်ထပ်နှင့် အဝတ်အထည်များ၊ အသုံးအဆောင် ပစ္စည်းများ မီးလောင်ကျွမ်းပျက်စီးခဲ့ကြောင်း သိရသည်။

 

▪️ အဆိုပါ မီးလောင်မှုကို မနက် ၆ နာရီ ၃ မိနစ်အချိန်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးမှ စကားပြောစက်ဖြင့် သတင်းပေးပို့သဖြင့် ၆ နာရီ ၄ မိနစ် အချိန်တွင် ခရိုင်မီးသတ်ဦးစီးမှူး ဦးစန်းဦး ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင် (၂၁)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၆၀)ဦး၊ ခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ် ယာဉ်(၂)စီး၊ အုပ်ချုပ်မှုယာဉ်(၁)စီး၊ မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ် (၂)စီး၊ အရန်မီးသတ်စခန်းများမှမီးငြှိမ်းသတ်ယာဉ်(၅)စီး၊ ရေသယ်ယာဉ်(၃)စီး၊ လူမှုရေးအသင်းများမှ လူနာတင်ယာဉ်(၅)စီး၊ ကြက်ခြေနီတပ်ဖွဲ့ဝင်(၁ဝ)ဦး၊ ရဲတပ်ဖွဲ့ဝင်(၁၃)ဦးတို့ဖြင့် သွားရောက်၍ ပြည်သူများနှင့်အတူ ဝိုင်းဝန်းငြှိမ်းသတ်မှုကြောင့် ၆ နာရီ၁၀ မိနစ် အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး ၆ နာရီ ၁၅ မိနစ် အချိန် တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

 

#YMG/LW #Yangon_Times