#Local_News
Published_ 24 June 2024

▪️ ရုပ်ရှင်အစည်းအရုံးဝင်မိသားစုများ၏ ကလေးငယ်(၁၇၈)ဦးအတွက် ပညာသင်စရိတ်နှင့်ကျောင်းသုံးပစ္စည်း(၁၀)မျိုးထောက်ပံ့ခဲ့ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး(ဗဟို)မှ သိရသည်။

 

▪️ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာသင်စရိတ်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနား၌ ပေးအပ်ခဲ့ခြင်းဖြစ်သည်။

 

▪️ ပညာသင်စရိတ်လျှောက်ထားသူ(၁၇၈)ဦးကို တစ်ဦးလျှင်အစည်းအရုံးက(၂)သောင်းဦးဇော်မင်းမင်္ဂလာက ၁သောင်းနှင့်အတူ ကျောင်းသုံးပစ္စည်းများထောက်ပံ့ပေးအပ်ကြောင်းနှင့်

 

▪️ ဂုဏ်ထူး ၆ ဆုရသူတစ်ဦးအား အစည်းအရုံးမှတစ်ဘာသာလျှင်၁ သိန်းနှင့်၆သိန်း၊ ဒေါက်တာအောင်မိုးနှင့်အဖွဲ့က ၁သိန်းထပ်ဆင့်ချီးမြှင့်ပြီး မမဆောင်းမှတစ်ဦးလျှင်၁သောင်း၊ ဒေါက်တာအောင်ကျော်မိုးမှ တစ်ဦးလျှင်၅ထောင်စီထပ်ဆင့်ပံ့ပိုးခဲ့ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဒုဥက္ကဌ ၏‌ဖော်ပြချက်အရ သိရသည်။

 

▪️ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ပညာရည်ထူးချွန်ဆုချီးမြှင့်ပွဲနှင့် ၂ဝ၂၄-၂ဝ၂၅ ပညာသင်ကြားရေး ပံ့ပိုးကူညီထောက်ပံ့ပွဲကို ဇွန်လ(၂၂)ရက်မနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ဝင်္ကဘာလမ်းရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၌ကျင်းပခဲ့ကြောင်း သိရသည်။

 

#tthl  #Yangon_Times