#Local_News
Published 22 June 2024


▪️ ပြည်တွင်းတွင် တစ်လလျှင် စားအုံးဆီတန်ချိန် (၇၅,၀၀၀)ခန့် လိုအပ်‌‌နေသောကြောင့်  ပြည်ပမှ  (၅၀)ရာခိုင်နှုန်းခန့် တင်သွင်းနေပြီး ကျန်လိုအပ်ချက်များကို ပြည်တွင်းဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှုများမှ ဖြည့်ဆည်းဆောင်ရွက်လျက်ရှိကြောင်းစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဌာန၊ စားသုံးသူရေးရာဌာနမှ သိရသည်။

 

▪️ လတ်တလောတွင်ပြည်သူအများစားသုံးရန်  စားအုန်ဆီတင်သွင်းသည့်ကုမ္ပဏီ ၂၆ခုဖြင့် စားအုံးဆီတန်ချိန် သုံးသောင်းကျော်တင်သွင်းနေသည့်အပြင် စက်မှုကုန်ကြမ်းများ အနေဖြင့် တန်ချိန်တစ်သောင်းကျော်ကို တင်သွင်းနေကြောင်း သိရသည်။

 

▪️ ပြည်တွင်းမှ စားသုံးဆီထုတ်လုပ်သည့် ဆီစက်များကို အားပေးမြှင့်တင်ရန်၊ ထုတ်လုပ်နိုင်စွမ်းအား တိုးတက်လာစေရန်နှင့်  နိုင်ငံခြားငွေသုံးစွဲမှု လျှော့ချနိုင်ရေးအတွက်ရည်ရွယ်ပြီး ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

 

▪️ ထို့အပြင်  သတ်မှတ်ဈေးနှုန်းအတိုင်း ဖြန့်ဖြူးရောင်းချခြင်းရှိမရှိကို သက်ဆိုင်ရာ တိုင်းနှင့် ပြည်နယ်အလိုက် ဖွဲ့စည်းထားသည့်  ကုန်ဈေးနှုန်းကြီးကြပ်ရေးလုပ်ငန်းအဖွဲ့များမှ  ကြီးကြပ်ဆောင်ရွက်နေကြောင်း သိရသည်။

 

#YMG/NN #Yangon_Times