#Local_News
Published 22 June 2024

▪️ တာမွေမြို့နယ် မအူကုန်းရပ်ကွက်၌ ယ‌နေ့မနက်ပိုင်းက မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့‌ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

 

▪️ ဖြစ်စဉ်မှာ ဇွန် ၂၂ရက်နေ့၊ မနက် ၇နာရီ ၄၆မိနစ်အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ မအူကုန်းရပ်ကွက်၊ ၁၃၈လမ်းတွင် မီးလောင်မှုဖြစ်ပွားခဲ့‌ကြောင်း သိရသည်။

 

▪️ အဆိုပါ မီးလောင်မှုသတင်းရရှိသဖြင့် တာမွေမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်များထွက်ခွာ၍ မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၇နာရီ ၅၇ မိနစ်အချိန်၌ မီးထိန်းပြီး ၈ နာရီ ၉ မိနစ် အချိန်၌မီးငြှိမ်းခဲ့‌ကြောင်း သိရသည်။

 

#YMG/NN #Yangon_Times