#Local_News
Published_05 June 2024

▪️ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီနာယကကြီး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်းသူရဦးတင်ဦး၏ ဈာပနအခမ်းအနားကို ယနေ့ဇွန်လ(၅)ရက်တွင် ရန်ကုန်မြို့ရေဝေးသုဿန်၌ ကျင်းပခဲ့ပြီး ဂူသွင်းသဂြိုဟ်ခဲ့ကြောင်း သိရသည်။

 

▪️ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီနာယကကြီးဦးတင်ဦး၏ ဈာပနအခမ်းအနားသို့  တရုတ်သံရုံးအပါအဝင် သံရုံးအသီးသီးမှ လွမ်းသူ့ပန်းခြင်းများ ပေးပို့ကြကြောင်းနှင့် နစကအဖွဲ့ဝင်မန်းငြိမ်းမောင်နှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းတို့လည်း တက်ရောက်ကြသလို ယခင်သမ္မတဟောင်း ဦးဝင်းမြင့်၏ အမျိုးသမီး ဒေါ်ချိုချိုနှင့် နိုင်ငံရေးအသိုင်းအဝိုင်းက မိတ်ဆွေများလည်းတက်ရောက်ခဲ့ကြသည် ဟုဆိုသည်။

 

▪️ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယကကြီး ဦးတင်ဦးသည်ကျန်းမာရေးချို့ယွင်းလာသဖြင့် ရန်ကုန်ဆေးရုံကြီး၌ကုသမှုခံယူခဲ့ပြီး ဇွန်လ ၁ရက်နေ့ မနက် ၈နာရီ ၄၅ မိနစ်တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

 

▪️ ကွယ်လွန်ချိန်တွင် အသက် ၉၈နှစ်ရှိပြီဖြစ်ကာ အထူးကြပ်မတ်ကုသဆောင်တွင် ဆေး ကုသခံယူရင်း ကွယ်လွန်သွားခြင်းဖြစ်ကြောင်း  မိသားစုဝင်များထံမှသိရသည်။

 

#tthl #Yangon_Times