#Local_News
Published 5 June 2024

▪️ ရန်ကုန်တိုင်းအတွင်း၌ ရွှေသတ်မှတ်ရည်ညွှန်း ဈေးထက်ကျော်လွန်ရောင်းချနေသည့် ဆိုင် ၁၄ ဆိုင်ရှိကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းချုပ်က ထုတ်ပြန်ချက်အရ သိရသည်။

 

▪️ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များ အသင်း YGEA သည် အကယ်ဒမီမီးလင်းရွှေ ဈေးနှုန်းများအား နေ့စဉ်သတ်မှတ်ထုတ်ပြန်ပေးနေပြီး ယင်းဈေးနှုန်းထက်ကျော်လွန်ရောင်းချခြင်းမပြုရန် အသိပေးထားကာ ဇွန်၅ ရက်ယနေ့တွင် အခေါက်ရွေတစ်ကျပ်သားကို ကျပ် ၄,၈၁၅,၀၀၀  သိန်းအဖြစ် သတ်မှတ်ထားခြင်းဖြစ်သည်။

 

▪️ သို့သော် ရန်ကုန်တိုင်းအတွင်းရှိမြို့နယ်အချို့၌ သတ်မှတ်ဈေးထက် ကျော်လွန်ရောင်းချသည့် ရွှေဆိုင်များရှိနေပြီး  မင်္ဂလာဒုံမြို့နယ်၌  ၂ ဆိုင်ရှိကာ ၁၅ပဲရည်အား  ၄,၉၀၀,၀၀၀ကျပ် ဖြင့်ရောင်းချနေကြောင်း သိရသည်။



▪️ တိုက်ကြီးမြို့နယ်၌မူ သတ်မှတ်ဈေးထက် ကျော်လွန်ရောင်းချသည့် ရွှေဆိုင်၉ ဆိုင်ရှိပြီး ၁၆ပဲရည်အား ၄,၉၀၀,၀၀၀ ကျပ်ဖြင့် ရောင်းချပေးနေကြောင်း သိရသည်။

 

▪️ လှိုင်မြို့နယ်၌ သတ်မှတ်ဈေးထက် ကျော်လွန်ရောင်းချသည့် ရွှေဆိုင် ၁ ဆိုင်ရှိပြီး ၁၅ ပဲရည်အား ၅,၁၇၀,၀၀၀နှင့် ၁၅ပဲရည်အား ၅,၃၉၀,၀၀၀ ကျပ်လည်းကောင်း၊ တောင်ဥက္ကလာပမြို့နယ်၌မူ သတ်မှတ်ဈေးထက် ကျော်လွန်ရောင်းချသည့် ရွှေဆိုင် ၂ ဆိုင် ရှိပြီး ၁၅ပဲရည်အား ၅,၀၀၀,၀၀၀ နှင့် ၅,၀၈၀,၀၀၀ တို့ဖြင့်လည်းကောင်း၊ ၁၆ ပဲရည်အား ၅,၃၀၀,၀၀၀ ကျပ်လည်းကောင်း  ရောင်းချပေးနေကြောင်း သိရသည်။

 

#YMG/NN #Yangon_Times