2 April 2024

လူရွှင်‌တော်၊သရုပ်‌ဆောင်ဦးနေကျော် ရုတ်တရတ်ကျန်းမာရေးချို့တဲ့ပြီး ဆေးရုံတင်ရမည့်အနေအ ထားဖြစ်နေကြောင်း လူရွှင်‌တော်၊သရုပ်‌ဆောင်မေတ္တာမြင့်မြတ်ဟိန်းထံမှသိရသည်။

ယင်းကဲ့သို့ ဦးနေကျော်ကျန်းမာ‌ ရေးချို့တဲ့ပြီး အောက်ဆီဂျင်ရူရကာ ဆေးရုံတင်ဖို့ရှိနေကြောင်းယနေ့ဧပြီလ(၂)ရက်တွင် လူရွှင်‌တော်၊သရုပ်‌ဆောင်မေတ္တာမြင့်မြတ်ဟိန်းမှ သူ၏လူမှုကွန်ရက်စာမျက်နှာ၌ဖော်ပြပြီး အကူအညီတောင်းခံထားခြင်းဖြစ်သည်။

မေတ္တာမြင့်မြတ်ဟိန်းက" အလှူရှင်များခင်ဗျာ လက်ရှိအဖေဦးနေကျော်ဟာ ကျန်းမာရေးချို့တဲ့ပီး အလုပ်တခုမှ အရေးပေါ်ကားနဲ့အိမ်ကိုပြန်ပို့ရတဲ့အနေအထားလေးတခုဖြစ်ခဲ့ပါတယ်။

လက်ရှိအိမ်မှာ အောက်ဆီဂျင်ရှူနေရပါတယ်ခင်ဗျာ အခြေအနေက ဆေးရုံတင်ရမယ့်အနေအထားမျိုးဖစ်နေသည့်အတွက် ကျနော်တယောက်ထဲ အားနဲ့လည်း ခက်ခဲနေလို့ အလှူရှင်များထံမှ အလှူခံခြင်းဖြစ်ပါတယ်။အဖေဦးနေကျော်ကိုချစ်ကြတဲ့မိသားစုများ အလှူရှင်များ မြင်တွေ့ကြပါစေခင်ဗျာ လှူဒါန်းချင်သူများကျနော့်ကိုဆက်သွယ်ပေးပါခင်ဗျာ Kpay - 09450708800 ပါ"ဟုသူ၏
Myittar Myint Myat Heinအကောင့်၌ဖော်ပြထား ကြောင်းသိရသည်။
Yangon_Times/tthl
#Local_News
#Published_ 01 April 2024
#YMG_News #Yangon_Times #Yangon_Media_Group