Published_ 01 April 2024

အမေဖြစ်သူ ကင်ဆာဝေဒနာရှင်အတွက်အလှူခံသည်ဆိုပြီး Facebookနှင့်မတ်ဆင်ဂျာမှလိမ်လည်အလှူခံသူများရှိ၍ သတိပြုရန်လိုအပ်ကြောင်း လှူမိသူများထံမှ သိရသည်။

Facebookနှင့်မတ်ဆင်ဂျာမှတစ်ဆင့် အမေ အူမကြီးကင်ဆာ အဆင့်၄ဖြစ်နေကြောင်း၊ဆေးသွင်းကုသရန်၊ခွဲစိတ်ကုသရန်ငွေလိုအပ်၍ Kpay 09687335376ကို  ငွေလှူဒါန်းရန် အကူအညီ ‌တောင်းခံခဲ့သည်ဟုဆိုသည်။

ယင်းသို့ အကူအညီတောင်းခံမှုကို လှူဒါန်းသူများရှိခဲ့ပြီး မသင်္ကာသဖြင့် လူနာကို ဆေးရုံသွားတွေ့ရန် အလှူခံကို ဆက်သွယ်တော့ ဖုံးမကိုင်တော့ ကြောင်း ၊ဆက်သွယ်သူကိုဘလော့ခြင်းများရှိကြောင်းနှင့်  သေချာအောင် စီစစ်ပြီးမှ စစ်မှန်တဲ့ ကင်ဆာရောဂါရှင်ဟုတ်မဟုတ် သိမှ ဆက်ကူနိုင်မှာဖြစ်တဲ့အတွက် ခေတ္တ မလှူကြရန််တောင်းပန်ထားသည်။

လူလိမ်မှန်းမသိ၍ လှူဒါန်းပေးရန် တစ်ဆင့်ခံနှိုး‌ဆော်ပေးမိသူကလည်း " ကျွန်တော့်တာဝန် ဖြစ်တဲ့အတွက်လှူထားတဲ့သူများကို လည်းပြန် လျှော်ဖို့ဆုံးဖြတ်ထားပါတယ်။ အနူးအညွတ်တောင်းပန်အပ်ပါတယ်"ဟု ဖော်ပြထားသည်။

လူနာအတွက်ဆိုပြီးလိမ်လည်ပြီး အလှူခံမှုများများပြားသဖြင့် အချို့ လူမှုကူညီရေးအဖွဲ့များသည် viberမှ မတ်ဆင်ဂျာမှ လူနာအားပြသခိုင်းခြင်းများ ကိုယ်တိုင်သွားရောက် ကြည့်ရူပြီးမှ လှူဒါန်းနေရကြောင်းလည်း လူမှုကူညီရေးအဖွဲ့များမှသိရသည်။

လိမ်လည်ပြီးအလှူခံသူများသည် ပြင်ပတွင်လိမ်လည်မှု ပုဒ်မ(၄၂၀)နှင့်ညှိစွန်းပြီး တရားလိုရှိပါက အရေးယူ ဆောင်ရွက်နိုင်သလို အွန်လိုင်းမှလိမ်လည်ရင်လည်း ဆိုက်ဘာpoliceများမှ စုံစမ်းပြီး Cyber Lawအရ အရေးယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
Yangon_Times/tthl
#Local_News
#Published_ 01 April 2024
#YMG_News #Yangon_Times #Yangon_Media_Group