Published 12 December 2023
  
   မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ လေးအိမ်ဘူတာကုန်းကျေးရွာ၊ သံလမ်းကွေ့ဇရပ်အနီး၊ မကွေး-နတ်မောက်-ပျော်ဘွယ်ကားလမ်းမကြီးတွင်  ယာဉ်တစ်စီးချောက်ထဲထိုးကျမှုဖြစ်ပွားကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့သတင်းထုတ်ပြန်ချက်အရသိရသည်။

    ဒီဇင်ဘာ ၁၂ ရက် နံနက် ၅နာရီ ၂၀ မိနစ်ခန့်က ဖြစ်ပွားခဲ့ ခြင်း ဖြစ်ပြီး အဆိုပါ ယာဉ် ချောက်ထဲ ထိုးကျမှု ကြောင့် လူညပ်နေကြောင်း သတင်းရရှိသဖြင့် နတ်မောက်မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များသည် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

  အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ထိခိုက်ဒဏ်ရာရ(မစိုးရိမ်ရ)တို့အား စိတ်ဓာတ်ဖြူစင်ဂရုဏာရှင်များအသင်းမှ ယာဉ်ဖြင့် နတ်မောက်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
Yangon-Times/LW
#Local_News
#Published 12 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group