Published 12 December 2023

    ထိုင်း-မြန်မာ နယ်စပ်၊ မဲဆောက်မြို့၊ ချစ်ကြည်ရေးအမှတ်(၁)တံတားအနီးတွင် ဆေးခြောက်လက်ဝယ်တွေ့ရှိမှုနှင့်  မြန်မာနိုင်ငံသားတစ်ဦး ဖမ်းဆီးခံရကြောင်းထိုင်းသတင်းဌာန များ၏ ဖေါ်ပြချက် အရသိရသည်။

     ဒီဇင်ဘာလ ၁၁ ရက် မနက် ၈ နာရီအချိန်ခန့်က ထိုင်း-မြန်မာ နယ်စပ်၊ သောင်ရင်းမြစ်ကမ်းနားတွင် ဆေးခြောက်  ၂၀ ကီလိုဂရမ်ကို မဲဆောက်ဘက် သို့ သယ်ယူလာသည့် မြန်မာနိုင်ငံသားတစ်ဦးကို ထိုင်းစစ်တပ်ကစစ်ဆေးတွေ့ရှိသဖြင့်  ဖမ်းဆီးခဲ့ကြောင်းသိရသည်။

  ဖမ်းဆီးခံရသည့် မြန်မာအမျိုးသားသည် အသက် ၄၂ နှစ်အရွယ်ရှိပြီ ဖြစ်ပြီး  မြဝတီမြို့မှာ နေထိုင်တဲ့သူတစ်ဦးဖြစ်ကြောင်းသိရသည်။

   အဆိုပါ ဖမ်းဆီးရမိသူကို ထိုင်းစစ်တပ်က ဥပဒေအရ အရေးယူဆောင်ရွက်ဖို့အတွက် မဲဆောက်ရဲစခန်းကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
Yangon-Times/LW
#Local_News
#Published 12 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group