1 December 2023

ဗိုလ်တထောင်စေတီတော်သို့ လာရောက်ဖူးမြော်သည့် ပြည်ပဧည့်ဝင်ကြေးကို ဇန်နဝါရီလ(၁)ရက်မှစတင်ပြီး တိုးမြှင့်ကောက်ခံမည်ဖြစ်ပြီး ယခုလအတွင်းတော့ ကျပ်တစ်သောင်းဖြင့်ဝင်ရောက်နိုင်သေးကြောင်း စေတီတော် ဂေါပကအဖွဲ့ထံမှသိရသည်။

ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်ကြီးသို့ လာရောက်ဖူးမြော်သည့် နိုင်ငံခြားသားခရီးသွားများ အနေဖြင့်၂၀၂၄ခုနှစ်ဇန်နဝါရီလ၁ရက်မှစတင်ပြီး ဧည့်ဝင်ကြေး၁၅၀၀၀ကျပ်အဖြစ်ပြောင်းလဲသတ်မှတ်ကောက်ခံ မည်ဖြစ်သည်ဟုဆိုသည်။

အဆိုပါစေတီတော်ကြီးတွင် ဧည့်ဝင်ကြေးကျပ်တစ်သောင်းနှုန်းဖြင့် ကောက်ခံနေရာမှ ယခု၁၅၀၀၀အဖြစ် ပြောင်းလဲကောက်ခံတော့မည်ဖြစ်ပြီး နိုင်ငံခြားငွေလဲလှယ်မှုတန်ဖိုးများအရ ရွှေတိဂုံစေတီတော်နှင့် အခြားယဉ်ကျေးဇုန်များ၊ ယဉ်ကျေးမှုပြတိုက်များတွင်လည်း ပြည်ပဧည့်ဝင်ကြေးများကို တိုးမြှင့် ကောက်ခံလျက်ရှိကြောင်းသိရသည်။

ဗိုလ်တထောင်စေတီတော်ကြီးကို ထိုင်းအဖွဲ့လိုက်ခရီးသွားများ၊ဗီယက်နမ်အဖွဲ့လိုက်ခရီးသွားများနှင့် နိုင်ငံတကာ မှခရီးသွားဝင်ရောက်မှုများများပြားလျက်ရှိပြီး ရန်ကုန်မြို့တွင်ခရီးသွားလာရောက်မှုအများဆုံး စေတီတော်ကြီး တစ်ဆူလည်းဖြစ်ကြောင်း သိရသည်။
Yangon Time/tthl
#Local_News
#Yangon_Times #Yangon_Media_Group #YMG_News