Published 1 December 2023

ကရင်ပြည်နယ် ကော့ကရိတ် တွင် တိုက်ပွဲ ဖြစ်ပွားနေသောကြောင့် ကော့ကရိတ်မြို့အနီး အာရှ လမ်း ပေါ်တွင် ကုန်တင်ယာဉ်များနှင့် ခရီးသွား ပြည်သူ အချို့ပိတ်မိနေကြောင်း ဒေသခံ ပြည်သူများထံ က သိရသည်။

ယနေ့ နံနက် ၈ နာရီ ခန့် က စပြီး ကော့ကရိတ် မြို့ အနီး မြ၀တီ-ကော့ကရိတ် အာရှလမ်းကြီး ဖြတ်သန်းခွင့် မရတော့ဘဲ ကားများ ကို လမ်းပေါ်တွင် ရပ်ထားရက ပြည်သူအချို့ မှာ လမ်းဘေးရှိ ဘေးကင်းသည့် နေရာတွင် နေထိုင်နေရကြောင်း သိရသည်။

'' ညကတည်း အသံ တွေကြားရတယ် အခုမနက် ကျတော့ ကော့ကရိတ် နား ကနေ ဖြတ်လို့ မရတော့ဘူး ကျွှန်တော်တို့ ကုန်ကားလဲ ပိတ်မိနေတာ လမ်းပေါ်မှာတော့ ကုန်ကားတွေကော ခရီးသွားကားတွေကော များတယ်''ဟု ကုန်တင်ယာဉ်မောင်းသူတစ်ဦးက ပြောသည်။

ထို့ပြင် မြ၀တီကျောက် လုံးကြီး မှ တစ်ဆင့် ထိုင်းနိုင်ငံ သို့ သွားရောက်မည့် MOU အလုပ်သမားများ လဲ လမ်းပေါ်တွင် ပိတ်မိနေကြောင်း အေဂျင်စီများ ထံ က သိရသည်။

'' ညီမ တို့ ရုံး က ကား ၃စီး လာတာ ၂စီး ကတော့ လွတ်သွားတယ်၊တစ်စီးက ပိတ်မိနေသေးတယ်၊အခု ၁၁နာရီ အထိ တော့ ပစ်ခတ်သံတွေ ကြားနေရ သေးတယ်၊လမ်းတော့ မဖွင့်သေးဘူး၊ထမင်းစားနားချိန်တော့ ပြန်ဖွင့်ပေးမယ် ကြားတယ် ဖွင့်မဖွင့်တော့မသိဘူး''ဟု အေဂျင်စီ မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

တိုက်ပွဲများကြောင့် ကော့ကရိတ် မြို့ အတွင်းရှိ ဒေသခံ ပြည်သူအများ စု မှာ ယခင် ကတည်းက ပြောင်းရွှေ့နေထိုင်ကျမှု များ သဖြင့် လက်ရှိ တိုက်ပွဲ အခြေနေကြောင့် မြို့ အတွင်း ပိတ်မိနေသည့် ဒေသခံ ပြည်သူ အနည်းငယ်သာ ရှိကြောင်း သိရသည်။
Yangon Time/LW
#Local_News
#Yangon_Times #Yangon_Media_Group #YMG_News