Published 28 November 2023

လာမည့် ၂၀၂၄ ခုနှစ် အတွက် တောင်ကိုရီးယား နိုင်ငံ မှ မြန်မာအပါအ၀င် နိုင်ငံခြားသား အလုပ်သမား ၁၆၀၀၀၀ ကျော် ခေါ်ယူမည် ဖြစ်ကြောင်း ကိုရီယားသတင်းဌာန များ၏ ဖေါ်ပြချက်အရ သိရသည်။

နိုင်ငံခြားသား လုပ်သား ၁၆၅၀၀၀ ဦး ခေါ်ဆိုသွားရန်အတွက် နိုဝင်ဘာ ၂၇ ရက်မှာ ကျင်းပသည့် ၄၀ ကြိမ်မြောက် နိုင်ငံခြားသား လုပ်သား မူဝါဒဆိုင်ရာအဖွဲ့ အစည်းအဝေး တွင် ဆုံးဖြတ်ခဲ့ပြီးနောက် ထုတ်ပြန်ကြေညာခဲ့ ခြင်း ဖြစ်ကြောင်း သိရသည်။

ခေါ်ယူမည့် လုပ်ငန်းများနှင့်လုပ်သားဦးရေ အရ ကုန်ထုတ်လုပ်ငန်းအတွက် ၉၅၀၀၀ ဦး၊စိုက်၊ ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းအတွက် ၁၆၀၀၀ ဦး၊ရေလုပ်ငန်းအတွက် ၁၀၀၀၀ ဦး၊ဆောက်လုပ်ရေးအတွက် ၆၀၀၀၀ ဦး၊သင်္ဘော လုပ်ငန်းအတွက် ၅၀၀၀ ဦး၊ ဝန်ဆောင်မှု လုပ်ငန်းအတွက် ၁၃၀၀၀ ဦးနှင့်အခြား လုပ်ငန်းများ အတွက် ၂၀၀၀၀ ဦးဖြစ်ကြောင်း သတင်းများတွင်ဖော်ပြထားသည်။

ယခင်နှစ်များ က တောင်ကိုရီးယား အနေဖြင့် နိုင်ငံ ခြားသား အလုပ်သမား ခေါ်ယူရာတွင် တစ်နှစ် အတွင် လုပ်သားဦးရေ တစ်သိန်း ၀န်းကျင်သာ လျာထားခဲ့ကာ လာမည့် ၂၀၂၄ ခုနှစ် အတွက် ခေါ်ယူမှု လျာ ထားချက် မှာတော့ ယခင်နှစ်တွေ ထက် များလာကြောင်း သိရသည်။

တောင်ကိုရီးယားအစိုးရအနေဖြင့် မြန်မာအလုပ်သမားများ ကို တစ်နှစ်လျှင် လုပ်သား ၅၀၀၀ နီးပါးခေါ်ယူလေ့ရှိပြီး ယခု၂၀၂၃ ခုနှစ်မှာတော့ ၈၀၀၀နီးပါးအထိခေါ်ယူမူရှိခဲ့ကြောင်း ထုတ်ပြန်ချက် များ အရ သိရသည်။
Yangon_Times/LW
#Local_News
#Published 28 November 2023
#Yangon_Times #YMG_News #Yangon_Media_Group