Published-28-November-2023

စစ်ကိုင်းတိုင်းဒေသကြီး ကျောက်မြောင်းမြို့အနီး ရှိ ဧရာဝတီမြစ်အတွင်း (၁၇)နှစ်အရွယ်လူငယ်တစ်ဦး ရေနစ်ပျောက်ဆုံးခဲ့ရာ ယနေ့ နိုဝင်ဘာ (၂၈)နံနက်ပိုင်းတွင် ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြောင်း မြန်မာ နိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (လက်ပန်လှ)ထံကသိရသည်။

  အဆိုပါ ရေနစ်သည့်လူငယ်မှာ  နိုဝင်ဘာ (၂၇)ရက် မွန်လွှဲပိုင်းအချိန်က ဧရာဝတီ မြစ်အတွင်း ရေဆင်းကူးရာမှ ရေနစ်ပျောက်ဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"" မနေ့က ညနေကတည်းက ရေငုတ်ရှာဖွေရေး လုပ်ငန်းတွေစလုပ်တယ် ညပိုင်းအထိရှာတာမတွေ့ဘူး အခုမနက် ဆက်ပြီးရှာတော့ မှ တွေ့တယ်""ဟု မြန်မာ နိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (လက်ပန်လှ)မှ အဖွဲ့ဝင်တစ်ဦးကပြောသည်။

   ရေနစ်ပျောက်ဆုံးသူ အလောင်းကို ယမန်နေ့က ညနေ(၄)နာရီ အချိန်ခန့်ကစတင်ရှာ‌ဖွေခဲ့သော်လည်း ရေအနက်ပေ(၈၀)ခန့်ရှိခြင်း၊ ရေအောက်တွင် သဲကျင်းများ၊ဂလိုင်များ ရှိနေခြင်းတို့ကြောင့် ညအချိန်အထိ ကြိုးစားရှာဖွေခဲ့သော်လည်း မတွေ့ရှိခဲ့ဘဲ ယနေ့ နံနက်ပိုင်းမှသာ ပြန်လည်ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
Yangon_Times/LW
#Local_News
#Published 28 November 2023
#Yangon_Times #YMG_News #Yangon_Media_Group