28 November 2023

စားအုန်းဆီဈေးအနည်းငယ်တက်နေပြီး ရန်ကုန်အထိုင်အခြေခံလက်ကားရည်ညွှန်းဈေးပင် တစ်ပိဿာကျပ် ၅၀၀၀ရှိလာပြီဖြစ်ကြောင်း စားသုံးရေးရာဦးစီးဌာနမှသိရသည်။

ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်မှ ဒီဇင်ဘာလ ၃ ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာ လျှင် ၅,၀၀၀ ကျပ် ဖြစ်ကြောင်းထုတ်ပြန်ကြေညာ ထားသည်ဟုဆို သည်။

အောက်တိုဘာလ၁၆ရက်က ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းအဖြစ် စားအုန်းဆီ တစ်ပိဿ၄၂၇၅ကျပ်သာရှိခဲ့ရာမှ ယခုနိုဝင်ဘာလ၂၈ရက်ရောက်ချိန်တွင် စားအုန်းဆီတစ်ပိဿ ၅၀၀၀ကျပ်အထိ တက်လာခဲ့ခြင်းဖြစ်သည်။

စားအုန်းဆီများကို ယခုသတ်မှတ်ထားသည့်ရည်ညွှ်န်းဈေးနှုန်းအတိုင်းရောင်းချရမည်ဖြစ်ပြီး ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှအသိပေး ထုတ်ပြန်ထားကြောင်း သိရသည်။
Yangon_Times/tthl
#Local_News
#Published 28 November 2023
#Yangon_Times #YMG_News #Yangon_Media_Group