#Local_News
Published_ 24 November 2023


ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီသည် တိုင်းဒေသကြီးအတွင်း လုပ်သား ၈၀၀ ကျော်ကို အလုပ်အကိုင်အခွင့်လမ်းပေးနိုင်မည့် လုပ်ငန်း ၃ခု ခွင့်ပြုပေးနိုင်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီထံက သိရသည်။

 

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ ၁၁/ ၂၀၂၃ ကြိမ်မြောက် အစည်းအဝေးကို နိုဝင်ဘာ ၂၂ရက်က ပြုလုပ်ခဲ့ပြီး ယခုလုပ်ငန်း ၃ခုကို အတည်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အစည်းအဝေးတွင် စက်မှုကဏ္ဍအတွက် ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း နှစ်ခုနှင့် ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခုကို အတည်ပြုပေးခဲ့ဲပြီး
လုပ်ငန်းများအနေဖြင့် CMP စနစ်ဖြင့် အဝတ်အထည်ချုပ်လုပ်ခြင်းလုပ်ငန်း၊ ပြည်တွင်း၌ ၁၀၀ ရာခိုင်နှုန်းရောင်းချမည့် အသင့်စားခေါက် ဆွဲခြောက်ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းနှင့်CMP စနစ်ဖြင့် အရုပ်အမျိုးမျိုးချုပ်လုပ်ခြင်းလုပ်ငန်းတို့ ဖြစ်ကြောင်း သိရသည်။

 

အဆိုပါရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်း ပမာဏမှာ ကျပ် ၃,၇၇၉ ဒဿမ ၉၇၂ သန်းနှင့် အမေရိကန် ဒေါ်လာ ၀ ဒသမ ၆၀၅ သန်းဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်း ၈၇၇ ဦးအတွက် ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

#Local_News #အလုပ်အကိုင်အခွင့်လမ်း #ရင်းနှီးမြှုပ်နှံမှုကော်မတီ #YMG/LW #Yangon_Times