#Local_News
Published_24 Nov 2023


ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် အမြောက်တပ်ပေါက်ကွဲ၍ စစ်သားနှစ်ဦးသေ၊ ရှစ်ဦးထက်မနည်း ဒဏ်ရာရဆိုသော သတင်းမှာ မဟုတ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။

 

လူမှုကွန်ရက်စာမျက်နှာများတွင် စစ်တွေမြို့ရှိ အမှတ်(၁၂)ရဲတပ်ရင်းထဲတွင် အခြေပြုထားသည့် လက်နက်ကြီး အထိုင်စခန်း၊ အမြောက်စခန်းထဲတွင် ပေါက်ကွဲမှုဖြစ်ပြီး စစ်ကောင်စီတပ်သားနှစ်ဦးသေကာ ရှစ်ဦးထက်မနည်း ပြင်းထန်ဒဏ်ရာရသွားခဲ့ကြောင်း ရေးသားနေကြခြင်းအပေါ် အထက်ပါအတိုင်း ထုတ်ပြန်ခြင်းဖြစ်သည်။

 

ယင်းသတင်းမှာ သတင်းတု သတင်းမှားဖြစ်ပြီး အဆိပ်ခတ်နေကြခြင်းသာဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

စစ်တွေမြို့ အမြောက်စခန်း၌ တာဝန်ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့တာဝန်ရှိသူက အဆိုပါ နေရာတွင်မည်သည့် ပေါက်ကွဲမှုမှမရှိကြောင်း၊ အမြောက်တပ်အနေဖြင့်တပ်စခန်းရှိရာနေရာတွင် လုံခြုံရေးတာဝန်များကို ပုံမှန်အတိုင်းထမ်းဆောင်လျက်ရှိကြောင်းနှင့် ယင်းမှာ သတင်းအမှားသာဖြစ်ကြောင်းလည်း ပြန်လည်တုန့်ပြန်ပြောဆိုထားသည်။

 

#Local_News #အမြောက်တပ်ပေါက်ကွဲ #နစကထုတ်ပြန် #Yangon_Times/PP