#Local_News
Published 24 November 2023

သင်္ဃန်းကျွန်းမြို့နယ်၌ ဦးလေးဖြစ်သူနေအိမ်ထဲ အပေါင်းအသင်းများနှင့်အတူဝင်ရောက်အကြမ်းဖက်လုယက်သည့် တူဖြစ်သူအား ရပ်ကွက်နေပြည်သူများဝိုင်းဝန်းဖမ်းဆီးလိုက်ကြောင်းပရဟိတအသင်းများနှင့် ရပ်ကွက်နေပြည်သူများထံမှ သိရသည်။

 

နိုဝင်ဘာ ၂၃ ရက် နေ့လယ် ၂ နာရီခွဲခန့်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ သွပ်ဝိုင်းကြီးရပ်ကွက်၊ နီလာလမ်းရှိ ဦးလေးဖြစ်သူနေအိမ်သို့တူဖြစ်သူက လာရောက်ကန်တော့ပြီး အိမ်တွင်လူမရှိသည်ကို သိရှိပြီးနောက် ၄င်း၏အပေါင်းအပါ နှစ်ဦးကိုပါ အချက်‌ပြခေါ်ယူပြီး အကြမ်းဖက်လုယက်ခဲ့သဖြင့် အိမ်ရှင်ဦးလေးဖြစ်သူ၏ လည်ပင်းတွင် ပြတ်ရှဒဏ်ရရခဲ့သောကြောင့် နေအိမ်ရှေ့ရှိတက်စီဖြင့် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။

 

တူဖြစ်သူမှာမုန့်ပုံးဖြင့် လာရောက်ကန်တော့စဉ် နေအိမ်တွင်ဉီး‌လေးဖြစ်သူတစ်ဉီးသာရှိသည့်အတွက် ယခုကဲ့သို့အကြမ်းဖက်ဖြစ်စဉ်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ လတ်တလောတွင်လူနာမှာ အခြေအနေကောင်းနေပြီဖြစ်‌ကြောင်း သုဝဏ္ဏပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

 

အဆိုပါ အကြမ်းဖက်လုယက်သူတစ်ဉီးအား ရပ်ကွက်ရှိ အများပြည်သူများက စုပေါင်းဖမ်းဆီးထားပြီး နယ်မြေခံရဲစခန်းတာဝန်ကျမှ သုဝဏ္ဏရဲစခန်းသို့ ကူညီပို့ဆောင်ပေးပါရန် အကူအညီတောင်းခံမှုအရ ရဲစခန်းသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

#Local_News #အကြမ်းဖက်လုယက် #ရပ်ကွက်နေပြည်သူများဝိုင်းဝန်းဖမ်းဆီး #YMG/NN #Yangon_Times