#Local_News
Published-24 November-2023


မန္တလေး-ပြင်ဦးလွင်ကားလမ်း ၁၉ မိုင်အနီးတွင် ယာဉ်တိုက်မှုကြောင့် ၃ဦးသေဆုံးကာ ၅ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သွားရောက်ကူညီပေးသည့် စေတနာမွန်(အုန်းချော)အသင်းထံက သိရသည်။

 

နိုဝင်ဘာ ၂၄ ရက် နံနက် ၈နာရီ ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယာဉ်တိုက်မှုကြောင့် ယာဉ်တစ်စီးမှာ လမ်းဘေးချောက်ထဲသို့ ထိုးကျသွားကြောင်း သိရသည်။

 

''ချောက်ထဲကို ကျသွားတဲ့ ယာဉ်ကပဲ အရှေ့ကကားကိုဝင်တိုက်တာ ပြီးတော့အရှိန်မထိန်းနိုင်ဘဲ ချောက်ထဲကို ပြုတ်ကျတာ အဲ့ကားပေါ်မှာက လူယာဉ်မောင်းအပါ ၁၀ယောက်လောက်ပါတယ်။အမျိုးသား ၃ယောက်က သေဆုံးသွားတယ်၊ ၅ယောက်ကတော့ ထိခိုက်ဒဏ်ရာရတယ်''ဟု စေတနာမွန်(အုန်းချော)အသင်း မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

ယာဉ်တိုက်မှုကြောင့် ချောက်ထဲသို့ ကျစဉ်ယာဉ်ပေါ်မှ အမျိုးသားတစ်ဦး လွှင့်စင်ကျပြီး ကျောက်တုံးကြားတွင် ညှပ်နေသောကြောင့် လူမှုကူညီရေးအသင်းများနှင့်သက်ဆိုင်ရာ အဖွဲ့စည်းများက ကူညီရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရကြောင်း သိရသည်။

 

#Local_News #မန္တလေး- ပြင်ဦးလွင် #ယာဉ်တိုက်မှုဖြစ် #၃ဦးသေဆုံး၅ဦးထိခိုက်ဒဏ်ရာရ
#YMG/LW #Yangon_Times