Published_04 November 2023

မြန်မာ - ကိုရီးယား အထူးကု ဆရာဝန်များ ပူးပေါင်း၍မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာ (၂၆) ဦးကို  ခွဲစိတ်ကုသပေးခဲ့ကြကြောင်းသိရသည်။

နေပြည်‌တော်ပြည်ထောင်စုနယ်မြေ၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်တို့မှ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ မျက်နှာကွဲ ကလေးလူနာ (၄၀)ဦးအား စမ်းသပ် စစ်ဆေးခဲ့ပြီး နိုဝင်ဘာလ (၁)ရက်တွင် နှုတ်ခမ်းကွဲလူနာ (၁၀)ဦး အာခေါင်ကွဲလူနာ (၂)ဦး စုစုပေါင်း (၁၂)ဦးအား   နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)နှင့် သွားနှင့်ခံတွင်းအထူးကုဆေးရုံ၊ နေပြည်တော်တို့တွင် ခွဲစိတ်ကုသပေးခြင်း ဖြစ်ကြောင်းသိရသည်။

ထို့အပြင် နိုဝင်ဘာလ (၂) ရက်တွင် နှုတ်ခမ်းကွဲလူနာ (၁၂) ဦး ၊ အာခေါင်ကွဲလူနာ (၁)ဦး၊ မျက်နှာကွဲလူနာ (၁)ဦး စုစုပေါင်း (၁၄)ဦးတို့အား နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်- ၁၀၀၀)တွင် ဆက်လက်၍ ခွဲစိတ်ကုသပေးခဲ့ရာ လူနာများ ကျန်းမာရေးအခြေအနေ ကောင်းမွန်ကြောင်း သိရသည်။
#Yangon_Times/PP
#Local_News
#Published_ 04 November 2023
#YMG #Yangon_Times #Yangon_Media_Group