Published_ 02 November 2023

တရုတ်နိုင်ငံနန်နင်းမြို့တွင်ကျင်းပမည့် ‘ရေကြောင်းပိုးလမ်းကြီးယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေး ညီလာခံ’သို့မြန်မာနိုင်ငံမှအဖွဲ့ဝင်များတက်ရောက်ရန်ထွက်ခွာသွားပြီဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသို့သိရသည်။

အဆိုပါညီလာခံသို့ မြန်မာနိုင်ငံမှ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါ်နုမြဇံ ဦးဆောင်သောအဖွဲ့ဝင်များသည် နိုဝင်ဘာလ၁ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တရုတ်နိုင်ငံ ၊နန်နင်းမြို့သို့ထွက်ခွာသွားပြီဖြစ်သည်ဟုဆိုသည်။

‘ရေကြောင်းပိုးလမ်းကြီးယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေး ညီလာခံ’ကိုနိုဝင်ဘာလ၃ရက်မှ၄ရက်အထိ တရုတ်နိုင်ငံနန်နင်းမြို့၊ကွမ်ရှီးကွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ကျင်းပမည်ဖြစ်ပြီးဒုတိယဝန်ကြီးဦးဆောင်သည့်အဖွဲ့ဝင်များကို တရုတ်သံရုံးမှကောင်စစ်ဝန်၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ်ဒေါက်တာကေသီထွေးတို့နှင့်တာဝန်ရှိသူများက လေဆိပ်သို့လိုက်ပါ ပို့ဆောင်ခဲ့ကြောင်းသိရသည်။
#Yangon_Times/tthl
#Local_News
#Published_ 02 November 2023
#YMG #Yangon_Times #Yangon_Media_Group