Published_ 18 September 2023

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်၊ ကလွင်ကျေးရွာအုပ်စု၊ ရှောက်တက်ခင်းကျေးရွာတွင် စက်တင်ဘာ ၁၈ ရက်(ယနေ့)နံနက်ပိုင်းက ကုန်းပေါ်တင်ထားသည့် စက်လှေပေါ်၌ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

ယနေ့နံနက် ၈ နာရီခွဲခန့်က မြိတ်မြို့နယ်၊ ကလွင်ကျေးရွာအုပ်စု၊ ရှောက်တက်ခင်းကျေးရွာရှိ ထူးထူးတိုးရေပေါ်လွန်းကျင်းဧရိယာတွင် ကုန်းပေါ်တင်ထားသည့် စက်လှေပေါ်၌ မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက Level 2 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

နံနက် ၉ နာရီ ၅ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး အပြီးသတ်မီးငြိမ်းနိုင်ရန် မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက ဆောင်ရွက်ခဲ့ကြသဖြင့် နံနက် ၁၀ နာရီ ၁၅ မိနစ်၌မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

မီးစတင်လောင်ကျွမ်းရသည့်အကြောင်းရင်းနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့၏ တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။
Yangon Times/LW
#Local_News
#YMG #Yangon_Times