#Local_News
Published 17 September 2023


ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်း စက်တင်ဘာ ၁၇ ရက်ညနေပိုင်းတွင် ဓမ္မရာဇကဘုရား မိုးကြိုး စက်ကွင်းခခဲ့ကြောင်း ‌ရှေးဟောင်းသုတေသနှင့်အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)မှ သိရသည်။

 

 ယင်းကဲ့သို့ မိုးကြိုးခခဲ့ကြောင်းသိရ၍ ညောင်ဦးမြို့နယ် သံဃနာယကအဖွဲ့၊ ဥက္ကဋ္ဌ အလိုတော်ပြည့်ကျောင်းဆရာတော်၊ ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံ ဌာနခွဲ) တာဝန်ခံ ညွှန်ကြားရေးမှူးနှင့်အဖွဲ့၊ ညောင်ဦး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ၊ ညောင်ဦးမြို့နယ်ရဲတပ်ဖွဲ့မှူး၊ ညောင်ဦးခရိုင် သာသနာရေးမှူးတို့ဖြင့် ပူးပေါင်း၍ ကွင်းဆင်း စစ်ဆေးခဲ့သည်ဟုဆိုသည်။

 

ကွင်းဆင်းစစ်ဆေးတွေ့ရှိချက်အရ ဓမ္မရာဇကဘုရားကြီးတွင် အုတ်များကွာကျခြင်း၊ ပွင့်ထွက်ခြင်းများကိုမတွေ့ရှိရဘဲ ဘုရားခေါင်းလောင်းနှင့် ဖောင်းရစ်ပတ်လည်တွင် အက်ကြောင်းများ ဖြစ်ပေါ်ခဲ့ပြီး အက်ကြောင်းတစ်ဝိုက်တွင် ရွှေသင်္ကန်းများ မည်းသွားသည်ကို သာ မျက်မြင်စစ်ဆေးတွေ့ရှိရပါကြောင်းနှင့် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ အခြားသော ရှေးဟောင်းအဆောက်အအုံများ ထိခိုက်မှုမရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဓမ္မရာဇကဘုရားကြီး၏ မိုးကြိုးစက်ကွင်းခမှုကြောင့် ထိခိုက်ပျက်စီးမှုများနှင့်ပတ်သက်၍  အမြန်ဆုံးပြုပြင်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

 

#tthl #Local_News #ပုဂံဓမ္မရာဇ #မိုးကြိုးစက်ကွင်းခ
#Yangon_Times