Published_ 18 September 2023

အိပ်ချ်စ်အိုင်ဗွီ လူနာများအား ARTဆေးကုဌာန ၄၀၀ကျော်ဖြင့်ကုသပေးလျက်ရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာန က သိရသည်။

ခုခံအားကျဆင်းမှု ကူးစက်ရောဂါဆိုင်ရာ အမျိုးသားမဟာဗျူဟာစီမံကိန်း၏ လုပ်ငန်းစဉ်များအရ လာမည့် ၇နှစ်ကြာကာလ ၂၀၃၀ပြည့်နှစ်တွင် HIV ပိုးကူးစက် မှုကင်းဝေးသည့် လူ့အဖွဲ့အစည်းတစ်ရပ်ပေါ် ထွက်လာ စေရန်ရည်ရွယ်၍ အိပ်ချ်စ်အိုင်ဗွီ လူနာများကို ARTဆေးကုဌာန ၄၀၀ကျော် ဖြင့်ကုသပေးနေခြင်း ဖြစ် ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သိရသည်။

ခုခံအားကျဆင်းမှုကူးစက်ရောဂါဆိုင်ရာ အမျိုးသားမဟာဗျူဟာစီမံကိန်းအရ HIV-AIDS ရောဂါကာကွယ် ရေး၊ ပြုစုကုသစောင့်ရှောက်ရေးလုပ်ငန်းများနှင့် ၂၀၂၂ခုနှစ်တွင် ခုခံအားကျ ကာလသားရောဂါ တိုက်ဖျက် ရေး စီမံချက်ဖြင့် ART ဆေးကုဌာန ၁၄၁ ခုနှင့် ART ဆင့်ပွားကုသဌာန ၃၁၀ ခုတို့ဖြင့် HIV ပိုးရှိ လူနာ ၂ သိန်းကျော် အား ARTဆေးဝါးနှင့် အခမဲ့ကုသပေးခဲ့ပြီး ကိုယ်ဝန်ဆောင်မိခင် ၅ သိန်းကျော်ကိုလည်း HIV နှင့် အခြား ရောဂါပိုးရှိမရှိ စစ်ဆေးပေးခဲ့ကြောင်းသိရသည်။

၂၀၂၂-၂၀၂၃ခု ဘဏ္ဍာနှစ်တွင် တစ်နိုင်ငံလုံးအတွက် ART ဆေးနှင့် ဆေး ပစ္စည်းများဝယ်ယူနိုင်ရန် အတွက်လည်း နိုင်ငံတော်မှ အမေရိကန်ဒေါ်လာ ၁၆သန်းအသုံးပြုထားကြောင်း ကျန်းမာရေးဝန်ကြီးဌာန က သိရသည်။
Yangon Times/pp
#Local_News
#YMG #Yangon_Times