#Local_News
Published-19 June 2023

နောက်နှစ်ရက်အတွင်း ရန်ကုန်တိုင်းနှင့် ရခိုင်ပြည်နယ်အပါအဝင်ဒေသ(၅)ခုတွင် မိုးပိုမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဇွန်လ ၁၉ ရက်ညနေပိုင်းထုတ်ပြန်ချက်အရ သိရသည်။

 

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် နောက်နှစ်ရက်အတွင်း မိုးပိုမည်ဖြစ်သည်ဟု ဆိုသည်။

 

ရန်ကုန်တိုင်း၊ရခိုင်ပြည်နယ်နှင့်မွန်ပြည်နယ်တွင်နေရာကွက်ပြီးမိုးကြီးမည်ဖြစ်သည်။

 

မိုးတိမ်တောင်ဖြစ်ထွန်းမှုအနေဖြင့်် စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ပဲခူးတိုင်း၊ရန်ကုန်တိုင်း၊ဧရာဝတီတိုင်း၊တနင်သာရီတိုင်း၊ ရှမ်း၊ချင်း၊ကရင်၊ရခိုင်ပြည်နယ်နှင့်ကချင်ပြည်နယ်တို့တွင် မိုးတိမ်တောင်များဖြစ်ထွန်းနေပြီး မိုးတိမ်တောင်များကြောင့် မိုးသည်းခြင်း၊မိုးကြိုးပစ်ခြင်း၊လျှပ်စီးလက်ခြင်း၊မိုးသီးကြွေခြင်းများဖြစ်ပေါ်နိုင်သဖြင့် သတိပြုနေထိုင်ကြရန်အကြံပြုထားသည်။

 

#ymg/tthl #Local_News #ရန်ကုန်တိုင်းနှင့် ရခိုင်ပြည်နယ် အပါအဝင်ဒေသ(၅)ခုတွင်မိုးပို
#YMG #Yangon_Media_Group