#Local_News
Published-19 June2023

ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းမပေါ်၌ ပျက်၍ရပ်ထားသည့်တွဲကားကို မှန်လုံယာဉ်က နောက်မှဝင်တိုက်၍ တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ယနေ့ ဇွန်လ ၁၉ ရက် နံနက် ၁၁ နာရီအချိန်ခန့်က မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်း ကွမ်းခြံကုန်းအဆင်းတွင် ပျက်၍ လမ်း‌ဘေးတွင်ရပ်ထားသည့်တွဲကားကို မှန်လုံယာဉ်ငယ်မှ အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိခြင်းဖြစ်ကြောင်း သင်္ဃန်းညီနောင်မြို့သစ် လူမှုကယ်ဆယ်ရေးအဖွဲ့တာဝန်ရှိသူက ပြောသည်။

 

"နောက်ကနေ ဝင်တိုက်မိတဲ့ ကားထဲမှာ ယာဉ်မောင်းညပ်နေလို့ ကယ်ထုတ်ပေးပြီး သင်္ဃန်းညီနောင်မြို့သစ်လူမှုကူညီရေးအဖွဲ့က မြဝတီမြို့ဆေရုံကြီးကို ပို့ပေးခဲ့ရပါတယ်"ဟုအဆိုပါ အဖွဲ့တာဝန်ရှိသူက ပြောသည်။

 

#ymg/BM #Local_News #ပျက်၍ရပ်ထားသည့်တွဲကားကိုမှန်လုံယာဉ်ကနောက်မှဝင်တိုက်
#YMG #Yangon_Media_Group