#Local_News
Published_ 19 May 2023


မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ဇွန်လ ၁၅ ရက်နေ့ နံနက်ပိုင်းက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ၅၃ လမ်း၊ ၁၂၆ လမ်းနှင့် ၁၂၇ လမ်းကြားရှိ ဝင်းကျော်စိုး(ခ)ခန့်စိုး ၏ နေအိမ်ကို သတင်းအရရှာဖွေရာ နေအိမ်မှ ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၅၅၀၀ တန်ဖိုးရှိ ပလတ်စတစ်ဆပ်ပြာခွက် ၂၂၀၀ ခွက်ဖြင့်ထည့်လျက် ဘိန်းဖြူ ၂၂ ကီလို သိမ်းဆည်းရမိခဲ့ပြီးမြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

ဒါ့အပြင် ကွင်းဆက်စစ်ဆေး ဖော်ထုတ်ချက်အရ နံနက် ၁၁ နာရီခွဲအချိန် မန္တလေးမြို့၊ ၄၂ လမ်းနှင့် ၁၀၁ လမ်းကြားရှိ ဟိုတယ်တွင် ရှမ်းပြည်နယ်မှ သယ်ဆောင်လာသည့် ဘိန်းဖြူများ ဖမ်းမိနေအိမ်တွင် သိုလှောင်ထားရှိပြီး ကချင်ပြည်နယ်သို့ သယ်ဆောင် ရောင်းဝယ်ရာတွင် ပူးပေါင်းပါဝင်သူ မနာဝ(ခ)ဂျူးမေ အား ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက် အရသိရသည်။

 

အဆိုပါပြစ်မှုကျူးလွန်သူတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

#ymg/ynzw #Local_News #ငွေကျပ်သိန်း၅၅၀၀တန်ဖိုးရှိဘိန်းဖြူ ၂၂ကီလိုဖမ်းဆီးရမိ
#YMG #Yangon_Media_Group