#Local_News
Published_ 19 May 2023

ရခိုင်ပြည်နယ်ရှိ မိုခါမုန်တိုင်းဒဏ်သင့်ဒေသများရှိ ပြည်သူများ အဆင်ပြေစေရန်ရည်ရွယ်ပြီး ကမ္ဘောဇဘဏ်မှ မေ ၁၇ ရက် မှ ဇွန် ၃၀ ရက်အတွင်း ငွေလွှဲခဝန်ဆောင်မှု အခမဲ့အစီအစဉ် ရယူနိုင်ကြောင်း ထုတ်ပြန်ကြေညာထားပါသည်။

Customer များအနေဖြင့် မေ ၁၇ ရက်မှ ဇွန် ၃၀ ရက်အတွင်း ရခိုင်ပြည်နယ်ရှိ ကမ္ဘောဇဘဏ်ခွဲများတွင် ဖွင့်လှစ်ထားသည့် ဘဏ်စာရင်းတစ်ခုသို့/မှဖြစ်စေ၊ ဘဏ်စာရင်းဖွင့်လှစ်ထားသော အခြား ဘဏ်ခွဲထံသို့ဖြစ်စေ/ မှဖြစ်စေ Cash Deposit - ငွေသွင်းခြင်း၊ Cash Withdrawal - ငွေထုတ်ခြင်း၊ Inhouse Cheque Deposit (Debit Account  အနေဖြင့်ဖြစ်စေ၊ Credit Account အနေဖြင့်ဖြစ်စေ ချက်လက် မှတ်ဖြင့် ငွေသွင်း/ငွေထုတ်ခြင်း)၊ Account to Account Transfer (Debit Account အနေဖြင့်ဖြစ်စေ၊ Credit Account အနေဖြင့်ဖြစ်စေ account အချင်းချင်းငွေလွှဲခြင်း)စသည့် transaction များကို ပြုလုပ်သည့်အခါ ဝန်ဆောင်ခ ကင်းလွတ်ခွင့်ရရှိမည် ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် မုန်တိုင်းဒဏ်ခံစားခဲ့ရသော ပြည်သူများအတွက် စုပေါင်းပါဝင်ကူညီနိုင်ရန် KBZPay Marketနှင့်မြန်မာနိုင်ငံ ကြ က်ခြေနီအသင်း (MRCS)တို့ပူးပေါင်း၍အရေးပေါ်လိုအပ်မည့်အစားအ သောက်၊ ဆေးဝါးနှင့်အသုံးအဆောင် ပစ္စည်းများကို KBZ Marketနှင့် KBZ Payကနေ အလှူခံအစီအစဥ်များပြုလုပ်ထားပြီး အလှူ ပစ္စည်းများနှင့်ဆေးဝါးများကို လိုအပ်သည့်နေရာများသိူ့အရောက်ပို့ဆောင်သွားမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။

#ymg/pl
#YMG #Yangon_Media_Group