#Local_News
Published_19 May2023

မကွေးမြို့၊ ကွန်ပျူတာ တက္ကသိုလ််အရှေ့ဘက်အနီးတွင် အမျိုးသား၁ဦး ကားကြိတ်ခံရကြောင်းယူဆရသူတစ်ဦး ဝမ်းဗိုက်အတွင်းမှ အူများထွက်ကာ သေဆုံးနေကြောင်း ရောင်စုံ မေတ္တာလူမှုကူညီရေးအသင်းကသိရသည်။

မေလ၁၉ရက် နံနက် ၄နာရီ ၄၉မိနစ်က မကွေးမြို့၊ တောင်တွင်းလမ်း ၊ ကွန်ပျူတာ တက္ကသိုလ််အရှေ့ဘက်နားတွင် အမျိုးသားတစ်ဦး ဗိုက်က အူတွေထွက်ပြီးသေဆုံးနေကြောင်းဖုန်းဆက်အကြောင်းကြားလာခဲ့ကြောင်း သိရသည်။

"ရောက်သွားတော့ လူက အူတွေထွက်ပြီးသေနေပြီ။ ကားကြိတ်ခံရတယ်လို့ ယူဆရတယ်"ဟု ယင်းအသင်းကသိရသည်။

ယင်းသေဆုံးသူ အမျိုးသားတစ်ဦးအား လိုအပ်သောဆေးစစ်ချက် များရယူနိုင်ရန်မကွေးတိုင်းပြည်သူ့ဆေးရုံကြီးရင်ခွဲရုံသို့ကူညီပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

သေဆုံးသူအားသိရှိပါက ဆက်သွယ်ပေးကြရန်လည်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ရောင်စုံ မေတ္တာ လူမှုကူညီရေးအသင်းက အသိပေးထားသည်။

#ymg/pl
#YMG #Yangon_Media_Group