#Local_News
Published_ 19 May 2023

ဆိုင်ကလုန်းမုန်တိုင်း မိုခါ သဘာဝဘေးအန္တရာယ်သင့်ခဲ့သည့် ဒေသများရှိ ပြည်​ပြည်သူများအတွက် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့် စေတနာရှင်များက စုပေါင်းလှူဒါန်းငွေ ယန်း ၂၁၃၈၅၀၀(ယန်း ၂သန်း ၁သိန်း ၃သောင်း ၈ထောင့်ငါးရာ)ကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့်ပေးပို့လှူဒါန်းသွားမည်ဖြစ်ကြောင်း တိုကျိုမြို့ မြန်မာသံရုံးက သိရသည်။

အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ (Mocha) သည် မြန်မာနိုင်ငံ အတွင်းသို့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်ခဲ့သဖြင့် ထိခိုက်ပျက်စီး ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကာ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၇ မြို့နယ်၊ ချင်းပြည်နယ်အတွင်းရှိ မြို့နယ် ၄ မြို့နယ်ကို သဘာဝဘေးအန္တရာယ် ကျရောက်သော ဒေသများအဖြစ် သတ်မှတ် ကြေညာထားသည်။

အဆိုပါသဘာဝဘေးအန္တရာယ်သင့်ခဲ့ရသည့် ဒေသများရှိ ပြည်သူများအတွက် ကူညီ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် မြန်မာသံရုံး၊ တိုကျိုမြို့ရှိ သံအမတ်ကြီးနှင့် သံရုံးဝန်ထမ်းများ၊ နာဂိုယာမြို့နှင့် ကိုဘေးမြို့များရှိ မြန်မာ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်များ၊ ဂျပန်စီးပွားရေးကုမ္ပဏီများ၊ ဂျပန်နိုင်ငံရောက် မြန်မာ နိုင်ငံသား စေတနာရှင်များ၊ ဂျပန်နိုင်ငံသားစေတနာရှင်များ၊ ဂျပန်နိုင်ငံရှိတက္ကသိုလ်အသီးသီး တွင် ပညာသင်ကြားနေကြသော အစိုးရပညာတော်သင်များမှ စုပေါင်းလှူဒါန်းငွေ ယန်း ၂,၁၃၈,၅၀၀ (ယန်း နှစ်သန်းတစ်သိန်း သုံးသောင်းရှစ်ထောင့်ငါးရာ) အား အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ပေးပို့ လှူဒါန်းသွားမည် ဖြစ်ကြောင်း သံရုံးထုတ်ပြန်ချက်တွင်ပါရှိသည်။
 
ယင်းအ​ပြင်စေတနာရှင်များ၏ ထပ်မံထည့်ဝင်လှူဒါန်းငွေများ ရရှိလာပါကလည်း ဆက်လက်ပေးပို့ လှူဒါန်းသွားမည် ဖြစ်ကြောင်းလည်း ပါရှိသည်။
#ymg/pl
#Yangon-Media-Group