#Local_News
Published-15 March 2023
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၏ ဆယ်လကျော်ကာလအတွင်း ပြည်ပသို့ ပို့ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၃၇ ဘီလီယံကျော်ရရှိထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဖော်ပြထားသည့် ကုန်သွယ်မှုစာရင်းများအရ သိရသည်။
ဧပြီလ ၁ ရက်မှ မတ်လ ၁၄ ရက်အထိ ရရှိထားသည့် ပို့ကုန်ဝင်ငွေဖြစ်ကြောင်း၊ ယင်းအပြင် ပြည်ပတင်ပို့သည့် ပို့ကုန်ပစ္စည်းအမယ်များထဲတွင် စက်မှုကုန်ချောပစ္စည်းတင်ပို့မှုမှ ဝင်ငွေအများဆုံးရရှိထားခြင်းဖြစ်ကြောင်း စာရင်းများအရ သိရသည်။
အလားတူ ပြီးခဲ့သည့်ဘဏ္ဍာနှစ်နှင့်နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၈ ဘီလီယံကျော် ပိုမိုရရှိထားခြင်းဖြစ်သည်။
ယခုဘဏ္ဍာနှစ်အတွင်း၌ စက်မှုကုန်ချောပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၂၄ ဘီလီယံကျော်ရရှိထားပြီး လယ်ယာထွက်ကုန်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃ ဒသမ ၅၇ ဘီလီယံကျော်ဖြင့် ဒုတိယအများဆုံး ဝင်ငွေရရှိထားခြင်း ဖြစ်သည်။
ပြည်ပနိုင်ငံတွေကနေ သွင်းကုန်တင်သွင်းမှုအနေဖြင့် ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း၊ လူသုံးကုန်ပစ္စည်း နှင့် CMP(အထည်အလိပ်) တို့ကို ပြန်လည်တင်သွင်းပြီး ယင်းမှ အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၀၇ ဘီလီယံရရှိထားခြင်း ဖြစ်သည်။
#ymg/ppk #Local_News #ပြည်ပပို့ကုန် #အမေရိကန်ဒေါ်လာ
#YMG #Yangon_Media_Group