#LocalNews
Published_ 8 January 2023

 

ယခု ၂၀၂၃ ခုနှစ်တွင် ကလေးငယ်ဦးရေ ၇ သိန်းခွဲအတွက် ပညာရေးကို လက်လှမ်းမီသင်ယူနိုင်စေရန် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း UNICEF Myanmar က ထုတ်ပြန်ထားသည်။

 

အဆိုပါထုတ်ပြန်ချက်တွင် ကလေးငယ်ဦးရေ ၇ သိန်းခွဲအတွက် အစောပိုင်းလေ့လာသင်ယူရေးအခွင့်အလမ်းများနှင့် တစ်ဦးချင်းသင်ယူလေ့လာရေး အထောက်အကူပြုပစ္စည်းများ ပံ့ပိုးပေးခြင်း အပါအဝင် ပညာရေးကို လက်လှမ်းမီသင်ယူနိုင်စေရန်ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

 

ယင်းအပြင် မြန်မာနိုင်ငံမှကလေးငယ်များ၊ ဆယ်ကျော်သက်၊ မိဘများနှင့်စောင့်ရှောက်မှုပေးသူ စုစုပေါင်းဦးရေ ၆ သိန်းကျော်ကို ရပ်ရွာအခြေပြု စိတ်ကျန်းမာရေးနှင့် လူမှုစိတ်ပိုင်းပံ့ပိုးမှုများ လက်လှမ်းမီနိုင်ရေး ပံ့ပိုးကူညီပေးရန်လည်း ရည်မှန်းချက်တစ်ခုဖြစ်ကြောင်းလည်း သိရသည်။

 

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်းက လူတိုင်းအကျုံးဝင်ပညာရေးနှင့် အရေးပေါ်အခြေအနေပညာရေးပံ့ပိုးမှုအစီအစဉ်များက မြန်မာနိုင်ငံရှိပဋိပက္ခဖြစ်ပွားနေသည့် ဒေသများအပါအဝင် ပြည်နယ်နှင့်တိုင်းအသီးသီးရှိ မသန်စွမ်းကလေးငယ် ၁၀၀၀ ကျော်အား စဉ်ဆက်မပြတ်လေ့လာသင်ယူနိုင်စေရန် UNICEF Myanmar အနေဖြင့် ပံ့ပိုးပေးနိုင်ခဲ့ကြောင်းလည်း သိရသည်။

 

Photo-UNICEF Myanmar

ymg/mt

#Yangon_Media_Group