#Local_News
Published _ 8 December 2022

 

ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော မုန်တိုင်းငယ်(Deep Depression)သည် အနောက်-အနောက် မြောက်ဘက်သို ရွေ့လျား၍ ပိုမိုအားကောင်းလာကာ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) “မန်းဒပ်(စ်)(MANDOUS)” အဖြစ်သို့ ရောက်ရှိခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က ထုတ်ပြန်လိုက်သည်။

 

ယင်းဆိုင်ကလုန်းမုန်တိုင်းမန်းဒပ်(စ်)(MANDOUS)သည် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့(CocoIsland)၏ အနောက်တောင်ဘက် ရေမိုင်(၅၉၅)မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့(Hainggyikyun)၏ အနောက်တောင်ဘက် ရေမိုင်(၇၀၅)မိုင်ခန့်၊ သီရိလင်္ကာနိုင်ငံ၊ ဂျက်ဖ်နာမြို့(Jaffna)၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင်(၂၆၀)မိုင်ခန့်နှင့် အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို(Chennai)၏ အရှေ့တောင်ဘက် ရေမိုင် (၃၂၅)မိုင်ခန့် အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

လက်ရှိတွင်ကပ္ပလီပင်လယ်ပြင်၌ တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး ဘင်္ဂလားပင်လယ်အော်တွင် တိမ်ထူထပ်နေကြောင်း၊ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်‌လျှောက်၊ ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်တို့တွင် နောက်ထပ် ၂၄ နာရီအတွင်း ခန်းမှန်းချက်အရ နေရာကွက်၍ မိုးကြီးကာ တစ်ခါတရံ မိုးသက်လေပြင်းကျရောက်ကာ လှိုင်းကြီးနိုင်ကြောင်းလည်း သိရသည်။

 

#ymg/mt
#Yangon_Media_Group