#Local_News
Published_7 December 2022

 

ရန်ကုန်-မော်လမြိုင် ညပိုင်းပြေးဆွဲသည့် ညရထားကို ယနေ့ ဒီဇင်ဘာလ ၇ ရက်တွင် ပြန်လည်ပြေးဆွဲသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သတင်းထုတ်ပြန်ထားသည်။

 

ကိုဗစ်ဖြစ်ပွားပြီးနောက် အဆိုပါ ညရထားခရီးစဉ်ကို ယာယီရပ်နားထားခြင်းဖြစ်ပြီး ရထားစီးနင်းသူခရီးသည်များလာသည့်အတွက် ပြန်လည်ပြေးဆွဲခြင်းဖြစ်ကြောင်းသိရသည်။

 

မော်လမြိုင်လမ်းကြောတွင် ရထားစီးနင်းသူခရီးသည်ဦးရေများလာပြီးနောက် ရန်ကုန်-မော်လမြိုင် အဆန်ရထား (ရန်ကုန်-မော်လမြိုင်)၊နှင့် အစုန်ရထား (မော်လမြိုင်-ရန်ကုန်)ကို ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်းသိရသည်။

 

အဆိုပါ ခရီးစဉ်သည် ရန်ကုန်-မော်လမြိုင် တိုက်ရိုက်စီးနင်းကြမည့် ခရီးသည်တွေအတွက် ရည်ရွယ်ထားခြင်းဖြစ်ပြီး ရထားပြေးဆွဲမည့် ခရီးစဉ်တွေအနေဖြင့် မော်လမြိုင်မြို့၊ ပေါင်မြို့၊ သထုံမြို့၊ တောင်စွန်းမြို့၊ ကျိုက်ထိုမြို့၊ ပဲခူးမြို့နှင့် ရန်ကုန်မြို့ စသည့် ဘူတာများတွင် ရပ်နားသွားမည်ဖြစ်ကြောင်း သိရသည်။

 

#ymg/sth
#Yangon_Media_Group