#Local_News
Published _ 18 November 2022

နေပြည်တော်တွင် လာရောက်ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းရှင်များအား ဝင်ငွေခွန် ၅နှစ် ကင်းလွတ်ခွင့်ပေးသွားမည်ဖြစ်ကြောင်း နစက သတင်းပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ နိုဝင်ဘာလ ၁၈ရက်တွင် နေပြည်တော်၌ ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲအတွင်း ပြောသည်။

 

"ရင်းနှီးမြှုပ်နှံမှုပြုမယ်ဆိုရင် လုပ်ငန်းစတင်ချိန်ကနေ ၅နှစ်အထိ ဝင်ငွေခွန်ကင်းလွတ်ခွင့် လျှောက်ထားခံစားနိုင်မှာဖြစ်ပြီး အခွန်ဆိုင်ရာ သက်သာခွင့်ပေးလျက် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်စေရေး ဖိတ်ခေါ်ဆောင်ရွက်လျက်ရှိပါတယ်"ဟု ၎င်းက ပြောသည်။

 

နေပြည်တော်သည် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်း၊ မဟာမဲခေါင်ဒေသခွဲ စီးပွားရေး စင်္ကြန်လမ်းတွင် တည်ရှိနေသည့်အတွက် မဟာဗျူဟာကျပြီး ရေ၊ မြေ၊ ရာသီဥတုအခြေအနေကောင်းမွန်ကာ လျှပ်စစ်မီး၊ လမ်းတံတားနှင့် အခြေခံအဆောက်အအုံများ ပြည့်စုံသည့် နေရာတစ်ခုဖြစ်ကြောင်းလည်း ယင်းက ပြောသည်။

 

#ymg/NN
#Yangon_Media_Group