Published 7 Nov 2022

ပြင်ဦးလွင်တန်ဆောင်တိုင် မီးပုံးပျံ ပွဲတော်ကို နိုဝင်ဘာ ၄ရက် ကစပြီး ကျင်းပနေပါတယ်။ အဲဒီပွဲတော်ကို လူထောင်ပေါင်းများစွာ လာရောက်ဆင်နွှဲနေကြပါတယ်။

ဒီပွဲတော်ကို ကိုဗစ်ရောဂါကြောင့်မကျင်းပဖြစ်ခဲ့တာ (၂)နှစ်ရှိပြီး ယခုနှစ်မှာမှ ပြန်လည် ကျင်းပတာဖြစ်ပါတယ်။

တနင်္ဂနွေညမှာ ပြိုင်ဘက်အသင်းတွေက မီးကျည်မီးပန်းတွေတပ်ဆင်ထားတဲ့  မီးပုံပျံတွေကို လွှတ်တင်ခဲ့ကြတာ တွေ့မြင်ရပါတယ်။

ပွဲတော်ကို နိုဝင်ဘာ ၄ ရက်မှ ၈ရက်အထိ (၅)ရက်တိုင် ကျင်းပမှာဖြစ်ပါတယ်။

Video: AFP

 

#Pyin_Oo_Lwin

#Tazaungdaing_light_festival

#hot-air_balloon_festival