#Local_News
Published - 16 September 2022

 

မြန်မာနိုင်ငံတွင် ပမာဏအများဆုံးဖြင့် ရင်းနှီးမြှုပ်နှံသူများတွင် စင်ကာပူနှင့် ဟောင်ကောင်တို့ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန(DICA)၏ စာရင်းတွေအရ သိရသည်။

 

စင်ကာပူနိုင်ငံတစ်ခုတည်း၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (FDI) ပမာဏသည် ကန်ဒေါ်လာ ၁ ဒသမ ၀၈၉ ဘီလီယံရှိပြီး ၅ လအတွင်း ဝင်ရောက်ခဲ့သည့် FDI စုစုပေါင်း ဒေါ်လာ ၁ ဒသမ၂၃ ဘီလီယံ၏ ၈၈ ရာခိုင်နှုန်းအထိ ပါဝင်နေကြောင်း သိရသည်။

 

ယင်းအပြင် လုပ်ငန်း ၁၀ ခု၏ ရင်းနှီးမြှုပ်နှံမှုတွေဖြစ်ပြီး မြို့ပြဖွံ့ဖြိုးရေး၊ အိမ်ခြံမြေ၊ စွမ်းအင်နှင့် ကုန်ထုတ်လုပ်မှုကဏ္ဍများတွင် အဓိကထား ဦးတည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း DICA က ထုတ်ပြန်ထားသည်။

 

ဒုတိယအများဆုံးအဖြစ်ဟောင်ကောင်မှ စီမံကိန်းလုပ်ငန်း ၇ တွင် ဒေါ်လာသန်း ၇၀ ခန့် ထည့်ဝင်ထားပြီး ၊ တရုတ်မှ ဒေါ်လာ ၅၆.၇ သန်းနှင့် လုပ်ငန်း ၁၅ ခုတွင် ရင်းနှီးမြှုပ်နှံထားကြောင်း ဖော်ပြထားသည့် အချက်အလက်အရ သိရသည်။

 

#ymg/sth
#Yangon_Media_Group