#Local_News
Published - 16 September 2022

 

သကြားလက်ကျန်မှာ နည်းနေပြီး ပြည်ပ Export ပုံမှန်သွားနေရခြင်းကြောင့် ပြည်တွင်းသကြားဈေးကွက်မှာ အမြင့်ဈေးတွင်ရှိနေပြီး ပုံမှန်လည်ပတ်နေကြောင်း ကုန်သည်များထံမှ သိရသည်။

 

နှစ်စဉ်မိုးတွင်းကာလသည် သကြားဈေးကွက်အေးသည့်ရာသီဖြစ်သော်လည်း လက်ရှိတွင် သကြားဈေးကွက် ကောင်းနေကြောင်း၊ ယင်းအပြင် ဒီဇင်ဘာလလယ်မှသာ သကြားကြိတ်သည့် ရာသီဖြစ်ကြောင်း သိရသည်။

 

ပြီးခဲ့သည့်နှစ်များတွင် သကြားဈေး တစ်ပိဿာလျှင် အများဆုံး ၉၀၀ ခန့်သာရှိခဲ့ပြီး လက်ရှိ သကြား တစ်ပိဿာလျှင် ၂,၃၅၀ ဝန်းကျင်ခန့်အထိ ရရှိနေကြောင်းသိရသည်။ လက်ရှိတွင်သကြားကို ဗီယမ်နမ်နိုင်ငံ တစ်နိုင်ငံတည်းသာ တင်ပိုလျှက်ရှိပြီး လက်ရှိ အချိန်အထိ တန်ချိန် တစ်သိန်းကျော်ထိ တင်ပို့ထားပြီးဖြစ်ကြောင်း သိရသည်။

 

ပြည်တွင်း သကြားကို ဗီယမ်နမ်နိုင်ငံသို့ ပြီးခဲ့သည့်နှစ်မှ စတင်တင်ပို့ခဲ့ခြင်းဖြစ်ပြီး အဆိုပါနှစ်တွင် သကြားတန်ချိန် တစ်သိန်းခုနှစ်သောင်းခန့် တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

 

တစ်နှစ်လျှင် ပျမ်းမျှသကြားတန်ချိန် လေးသိန်းခန့်ထွက်ရှိပြီး လက်ရှိ သကြားလက်ကျန်အိတ် အရေအတွက် ခုနှစ်သိန်းခန့် ကျန်မည်ဖြစ်ကြောင်း၊ ကိုဗစ်ကြောင့် ပြီးခဲ့သည့်နှစ်များက သကြားဈေးကွက်မှာ အရှုံးပေါ်ခဲ့ပြီး ကြံစိုက်ဧကများကို လျှော့ချစိုက်ပျိုးခဲ့ခြင်းများလည်းရှိခဲ့ကာ ယခုနှစ်တွင် ဈေးကောင်းရနေသည့်အတွက် သကြားတိုးချဲ့စိုက်ပျိုးလျှက်ရှိကြောင်း သိရသည်။

 

#ymg/sth
#Yangon_Media_Group