#Local_News
Published - 13 September 2022

 

ယနေ့ စက်တင်ဘာလ ၁၂ ရက်နေ့မှ စက်တင်ဘာ ၁၈ ရက်နေ့အထိ ရန်ကုန်စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို တစ်ပိဿာ ၄၇၃၀ ကျပ်အဖြစ် သတ်မှတ်ထားပြီး ယခင်တစ်ပါတ်ထက် ၅၀၀ ကျပ်ခန့် စျေးပြန်ကျခဲ့ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီက သတ်မှတ်‌ကြေညာထားသည်။

 

ပြီးခဲ့သည့် တစ်ပတ်တွင် ထုတ်ပြန်ခဲ့သည့် လက်ကားရည်ညွှန်းဈေးနှုန်းဟာ တစ်ပိဿာ ၅၂၂၀ ကျပ်ဖြစ်ပြီး ယခုတစ်ပါတ်တွက် ၅၀၀ ဝန်းကျင် စျေးကျခဲ့ခြင်းဖြစ်သည်။

 

မလေးရှား၊ အင်ဒိုနီးရှားစသည့် ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် ဖြစ်ပေါ်နေသည့်ဈေးကွက်နှင့် ပြည်တွင်းစားအုန်းဆီ ရည်ညွှန်းဈေးနှုန်းကို သတ်မှတ်ခြင်းဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

 

အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းတွေကို အပတ်စဉ် ကြေညာပေးနေသော်လည်း လက်လီဈေးကွက်အတွင်းဈေးနှုန်းမှာတော့ ဆက်တိုက်မြင့်တက်နေသည်။

 

လက်ရှိတွင် ရန်ကုန်လက်လီဈေးကွက်အတွင်း ရောင်းချနေသည် စားအုန်းဆီဈေးနှုန်းမှာ တစ်ပိဿာကို ကျပ် ၁၀၀၀၀ အထိရှိနေကြောင်း သိရသည်။

 

#Ymg/STH
#Yangon_Media_Group