#Local_News
Published_ 13 September 2022

 

ဂျိုင်း(ကော့ကရိတ်)တံတားကို နည်းပညာသစ် ထည့်သွင်းအသုံးပြုထားသည့် ပင်မတံတား ကြမ်းခင်းအစိတ်အပိုင်းများနှင့် ကြိုးဆိုင်းများ ချိတ်ဆက်မှုတို့ကို ဆောင်ရွက် လျက်ရှိကြောင်း သိရပါတယ်။

 

ဆောက်လုပ်ရေးဝန်ကြီး ဦးရွှေလေးသည် ကရင်ပြည်နယ် ဝန်ကြီးချုပ်၊ တာဝန်ရှိသူ များနှင့်အတူ စက်တင်ဘာ ၁၁ ရက်က အတ္ထရံတံတား၊ ဂျိုင်း (ဇာသပြင်) တံတား ၊ ဂျိုင်း (ကော့ကရိတ်) တံတားနှင့် ကရင်ပြည်နယ်အတွင်းရှိ လမ်း၊ တံတားများနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။

 

အရှေ့ - အနောက် စီးပွားရေးစင်္ကြံလမ်းမကြီးအပိုင်းတွင် ပါဝင်သည့် အတ္ထရံတံတား A1 Side နှင့် A2 Side တို့တွင် တံတားတည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေပြီး ဂျိုင်း (ဇာသပြင်) တံတား၌ Bored Pile လုပ်ငန်းများနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ အဆိုပါ လုပ်ငန်းခွင်များ၌ မျိုးဆက်သစ်အင်ဂျင်နီယာများအား တံတားတည်ဆောက်ရေး နည်းပညာများမျှဝေသင်တန်းပေးလျက်ရှိကြောင်း သိရပါတယ်။

 

အတ္ထရံတံတားသစ် တည်ဆောက်ရေးလုပ်ငန်းခွင်၌ မျိုးဆက်သစ်အင်ဂျင်နီယာများကို ယခုလမ်းအပိုင်းရှိ တံတားကြီး (၃) စင်း ၊ ရန်ကုန်ရှိ ပဲခူးမြစ်ကူးတံတားအမှတ် (၃) နှင့် ဒလတံတားတည်ဆောက်ရေးလုပ်ငန်းများတွင် နည်းပညာအတွေ့အကြုံရရှိစေရန် အုပ်စု(၃) စုခွဲ၍ စေလွှတ်ထားတာ ဖြစ်ပါတယ်။

 

ဆက်လက်၍ ဝန်ကြီးသည် ဂျိုင်း (ဇာသပြင်) တံတားဟောင်း ကြံ့ခိုင်မှု၊ တံတားသစ်၏ Bored Pile လုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နေမှု၊ အိန္ဒု - ကော့ကရိတ် လမ်းအဆင့် မြှင့်တင်ဆောင်ရွက်ထားရှိမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါတယ်။

#ygm_mnn
#Yangon_Media_Group