#Local_News
Published _ 8 September 2022

 

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ စာတော်ကျေးရွာအုပ်စု၊ စာ‌တော‌ကျေးရွာ၊ လိပ်ဆံတင်းရပ်ရှိ ယက္ကန်းအထည်ဆိုင် လက်လုပ်မိုင်းဖြင့်ပစ်ပေါက်ခံရသောကြောင့် တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။

 

စက်တင်ဘာလ ၇ ရက် ည ၇ နာရီ ၄၅ မိနစ်က အမည်မသိလူနှစ်ဦးက လက်လုပ်မိုင်းဖြင့် ပစ်ပေါက်ခဲ့ခြင်းဖြစ်သောကြောင့် အသက်(၆၇)နှစ်အရွယ်အမျိုးသမီးကြီးတစ်ဦး သေဆုံးခဲ့ကာ အမျိုးသား(၂)ဦးနှင့်အမျိုးသမီး(၁)ဦး စုစုပေါင်း(၃)ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ရကြောင်း သိရသည်။

 

အဆိုပါ လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် အသက်(၆၇)နှစ်အရွယ်အမျိုးသမီးကြီးတစ်ဦးမှာ ညာခြေပြတ် ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ယင်းအပြင် ဆိုင်ပိုင်ရှင် အသက်(၅၃)နှစ်အရွယ် အမျိုးသား၏ လက်ဝဲလက်မောင်း၊ လက်ဝဲဗိုက်၊ လက်ဝဲ‌ခြေထောက်ထိမှန် ဒဏ်ရာများ၊ အသက်(၅၃)နှစ်အရွယ် အမျိုးသမီးတစ်ဦးတွင် လက်ယာတံတောင်၊ လက်ယာခြေကျင်းဝတ်၊ လက်ယာ‌ခြေဖမိုး၊ လက်ဝဲဒူးခေါင်း၊လက်ဝဲခြေသလုံး၊ လက်ဝဲခြေဖမိုး ဒဏ်ရာများ၊ အသက်(၃၃)အရွယ်အမျိုးသားတစ်ဦးတွင် လက်ဝဲဒူးခေါင်း၊ လက်ယာခြေဖမိုးထိမှန်ဒဏ်ရာ အသီးသီးရရှိခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

 

#ymg/mt
#Yangon_Media_Group