#Local_News
Published _ 8 september 2022

 

အမေရိကန်ပြည်ထောင်စုမှာရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများအနေနှင့် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာသံရုံး၊ ဝါရှင်တန်မြိုစာစစ်ဌာနမှ ဖြေဆိုလိုလျင် စက်တင်ဘာလ ၁၃ရက် နောက်ဆုံးထား၍ လျှောက်ထားနိုင်ကြောင်း အဆိုပါသံရုံးမှ ယနေ့တွင် သတင်းထုတ်ပြန်ထားသည်။

 

စနစ်ဟောင်း(သင်ရိုးဟောင်း)တက္ကသိုလ်ဝင်စာမေးပွဲကို ၂၀၂၃ ခုနှစ်မှာ နောက်ဆုံးကျင်းပမှာဖြစ်သောကြောင့် တက္ကသိုလ်ဝင်စာမေးပွဲမအောင်သေးသည့် ပြည်ပနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် သင်ရိုးဟောင်း ဘာသာတွဲ ၈ ခုအနက် တစ်ခုကို ရွေးချယ်ပြီး စာမေးပွဲဖြေဆိုခွင့်လျှောက်ထားနိုင်ကြောင်း သံရုံးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

၂၀၂၃ ခုနှစ်နောက်ပိုင်းကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲမှာ စနစ်သစ် ဒွါဒသမတန်း(Grade- 12) သင်ရိုးညွှန်းတမ်းကို ဖြေရမှာဖြစ်၍ ၂၀၂၃ ခုနှစ်အထိ တက္ကသိုလ်ဝင်စာမေးပွဲ မအောင်သေးသူများဟာ နောက်ပိုင်းမှာ သင်ရိုးသစ် Grade- 12 ကို ထပ်မံသင်ကြားပြီးမှ စာမေးပွဲဖြေရမည်ဟု သိရသည်။

 

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်လျှောက်ထားမည့်သူများ အနေဖြင့် သင်တန်းဝင်ခွင့် လျှောက်လွှာနှင့် အထောက်အထားစာရွက်စာတမ်းများကို ဝါရှင်တန်မြို့ မြန်မာသံရုံးရဲ့ အီးမေးလ်လိပ်စာ(This email address is being protected from spambots. You need JavaScript enabled to view it.)ကို ပေးပို့လျှောက်ထားရပါမည်။

 

ကျောင်းသား၊ ကျောင်းသူနှင့် အုပ်ထိန်းသူတို့ရဲ့ သက်တမ်းရှိ မြန်မာနိုင်ငံကူးလက်မှတ်မိတ္ထူ၊ ဗီဇာအမျိုးအစားအလိုက် နေထိုင်ခွင့်သက်တမ်းပါရှိသည့် စာမျက်နှာမိတ္ထူ ဒါမှမဟုတ် Work Permit၊ Student Pass ကဲ့သို့ သက်ဆိုင်ရာနိုင်ငံအလိုက် နေထိုင်မှုကာလအတွက် ကတ်အထောက်အထားမိတ္ထူအား ပူးတွဲတင်ပြရမည်ဟု သိရသည်။


ဖြေဆိုခွင့်လျှောက်သူဟာ အမေရိကန်ပြည်ထောင်စုတွင် အလုပ်လုပ်နေခြင်း သို့မဟုတ် ကျောင်းတက်နေခြင်းများရှိလျင် မည်ကဲ့သို့သော အကြောင်းအရာဖြင့် နိုင်ငံအတွင်းသို့ ရောက်ရှိနေရခြင်းဆိုသည့် အထောက် အထားတွေပါ တင်ပြရမှာဖြစ်ကြောင်း သိရသည်။

 

ဆက်လက်ပြီး ဖြေဆိုခွင့်လျှောက်ထားသူအားလုံးဟာ ခြောက်လအတွင်း ရိုက်ကူးထားတးရှိသည့် တစ်လမခွဲ၊ နှစ်လက်မအရွယ် ဓာတ်ပုံနှစ်ပုံကိုလည်း တင်ပြရမည်ဖြစ်ကြောင်း သံရုံးက ကြေညာထားသည်။

 

#ymg/NN
#Yangon_Media_Group