#Local_News
Published_31 August 2022

 

ကရင်ပြည်နယ် ဘားအံမြို့နယ်အတွင်း ခနောက်စိမ်းသန့်စင်စက်ရုံ တည်ဆောက်နိုင်ရေးအတွက် ယနေ့ သြဂုတ်လ ၃၁ ရက်က ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့် တည်ဆောက်ရန် စိတ်ဝင်စားသည့် ကုမ္ပဏီတစ်ခုတို့ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

အဆိုပါ ခနောက်စိမ်း သန့်စင်စက်ရုံကို အမေရိကန်ဒေါ်လာ ၂ သန်းခန့် ရင်းနှီးမြှုပ်နှံ၍ တစ်နှစ်လျှင် ခနောက်စိမ်းတန်ချိန်(၉၀၀)ခန့် ထုတ်လုပ်နိုင်သော (၄၅)နှစ်သက်တမ်းရှိ ခနောက်စိမ်းသန့်စင်ရုံကို တည်ဆောက်နိုင်ရန်နှင့် စက်ရုံကို မီးခိုးထွက်မှုမရှိသလောက်နည်းပါးသော သန့်စင်သည့်နည်းပညာ အသုံးပြုတည်ဆောက်မည် ဖြစ်ကြောင်း လည်း ဆွေးနွေးရာတွင် ထည့်သွင်းပြောကြားခဲ့ကြခြင်း ဖြစ်သည်။

 

စက်ရုံတည်ဆောက်ခြင်းဖြင့်ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်မည်ဖြစ်ကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများလုပ်ဆောင်ရာတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်မည့်အစီအစဉ်များကို စနစ်တကျ ဆောင်ရွက်ကြရန် နှင့် ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ သတ်မှတ်စည်းမျဉ်းစည်းကမ်းများအတိုင်း အဆင့်ဆင့်ရေးဆွဲတင်ပြရန်လည်း အစိုးရအဖွဲ့က ပြောကြားခဲ့ကြောင်း သိရသည်။

 

#ymg/mt
#Yangon_Media_Group