#Local_News
Published _ 25 August 2022

 

တောင်ကိုရီးယားနိုင်ငံတွင် အလုပ်လုပ်မည့် မြန်မာလုပ်သား ၁၄၈ဦး ယနေ့ရောက်ရှိလာကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးမှ သတင်းထုတ်ပြန်ထားသည်။

 

ကုန်ထုတ်လုပ်သားအဖြစ် အသစ်ဝင်ရောက်လုပ်ကိုင်မည့် လုပ်သားသစ် (၁၄၈)ဦး ယနေ့ သြဂုတ်လ ၂၅ရက်မှာ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို ရောက်ရှိလာကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

 

ရောက်ရှိလာသည့် မြန်မာလုပ်သားများကို အလုပ်သမားသံအရာရှိက ကြိုဆိုပြီး အလုပ်သမားတွေ သိရှိလိုက် နာသင့်သည့် အချက်များအား မှာကြားခဲ့ပြီး လိုအပ်တာများကို ကူညီပံ့ပိုးပေးခဲ့ကြောင်း သိရသည်။

 

သြဂုတ်လ ၂၃ရက်က စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်သားအဖြစ်အသစ်ဝင်ရောက်လုပ်ကိုင်မည့် လုပ်သားသစ်(၁၀)ဦးနှင့် ကုန်ထုတ်လုပ်သားအဖြစ် အသစ်ဝင်ရောက် လုပ်ကိုင်မည့် လုပ်သားသစ်(၁၃၉)ဦးအပါအဝင် စုစုပေါင်း (၁၄၉)ဦး စေလွှတ်ခဲ့သည်။

 

ဩဂုတ်လ ၁၈ ရက်က တောင်ကိုရီးယားနိုင်ငံသို့ မြန်မာလုပ်သား ၁၆၈ ဦးကို ထပ်မံစေလွှတ်ခဲ့ကြောင်း သိရသည်။

 

တောင်ကိုရီးယားအစိုးရက မြန်မာလုပ်သားတွေကို တရားဝင်ပြန်လက်ခံနေပြီး ယခုဩဂုတ်လအတွင်းမှာ မြန်မာလုပ်သား ၁,၀၀၀ကျော်အား တရားဝင်ဝင်ခွင့်ပြုခဲ့သည်။

 

ymg/NN
#Yangon_Media_Group