#Local_News
Published_25 August 2022

 

၂၀၂၂ ခုနှစ်၊ သြဂုတ်လ (၂၅) ရက်၊ နံနက်(၀၄)နာရီ၊ (၁၈)မိနစ်၊ (၀၇)စက္ကန့်အချိန်တွင်စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့အနီး အင်အားရစ်တာစကေး(၅.၂)အဆင့်ရှိ မြေငလျင်လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၊ မြေငလျင်ဌာနခွဲ၏ ထုတ်ပြန်ချက်အရသိရသည်၊၊

 

အဆိုပါ မြေငလျင်သည် တမူးမြေငလျင်စခန်းမှ အရှေ့တောင်ဘက် (၃၄)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မော်လိုက်မြို့၏ အရှေ့ မြောက်ဘက် (၂၁) မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၃.၈၄) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၆၇)ဒီဂရီ၊ အနက် (၈၅) ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ရှားသွားခြင်းဖြစ်သည်၊၊

 

မြန်မာနိုင်ငံတွင် ယခုနှစ်ပိုင်းအတွင်း မြေငလျင်ငယ်များ ဆက်တိုက်လှုပ်ခတ်နေပြီး မြေငလျင်ကြီးများ တစ်ကျော့ပြန်လှုပ်ခတ်နိုင်ခြေရှိ၍ သတိပြုနေထိုင်ကြဖို့လည်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၊ မြေငလျင်ဌာနခွဲက တာဝန်ရှိသူများက သတိပေးပြောကြားထားကြောင်း သိရသည်၊၊

 

ymg/tthl
#Yangon_Media_Group